စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, July 30, 2015

တိတ်​​နေတဲ့စိတ်​ကိုရ​အောင်​ပြုစုပါ..

💥 တိတ်နေတဲ့စိတ်ကိုရအောင်ပြုစုပါ 💥

     ငြိမ်းချမ်းပြီးတော့ တိတ်နေတဲ့ စိတ်အခြေအနေထဲမှာ ဘာသောကမှ မရှိဘူး ။
ဘာပြဿနာမှ မရှိဘူး ။
ဘာအကြောင်းအရာကိုမှ တွေးမနေဘူး ။

ဒီလိုစိတ်အခြေအနေက မြင့်မြတ်တဲ့အသိမျိုး ဖြစ်လာဖို့ အကောင်းဆုံး ရေ .. မြေ.   ဖြစ်တယ်။

အကောင်းဆုံး အထောက်အပံ့ ပေးနိုင်တဲ့ အခြေအနေဖြစ်တယ်။

            တိတ်ပြီးတော့ သတိအားပြည့်ပြီး ကြည်လင်နိုးကြားနေတဲ့စိတ် .. လင်းနေတဲ့စိတ်...     ပေါ့ပါးသန့်ရှင်းနေတဲ့စိတ်ဟာ  ရှင်းလင်းတိကျတဲ့ အမြင်ကို ဖြစ်ပေါ်စေနိုင်တယ် ။

       ခဏလေးစိတ်တည်ငြိမ် အေးချမ်းပြီး  ပေည့ပါးတဲ့ စိတ်နဲ့ နေနိုင်ရင်တောင် စိတ်အားပြည့်လာမယ် ။

စိတ်ချမ်းသာလာမယ်  ။.. နေ့တိုင်း ကြည်လင်အေးချမ်း သန့်ရှင်းတဲ့ စိတ်မျိုးနဲ့ ခဏလောက် နေနိုင်ရင် တနေ့တခြား   အသိဥာဏ်ပိုပြီး နက်နဲလာမယ် ။

The cultivation of silence has an immence therapeutic value .

   တိတ်နေတဲ့ စိတ်ဖြစ်နေအောင် လေ့ကျငိ့ပြုစုတာဟာ စိတ်ရဲ့ကျန်းမာရေးအတွက် အင်မတန် တန်ဖိုးရှိတယ် ။

      တိတ်နေတဲ့စိတ် မျိုးနဲ့ မနေနိုင်ရင် လူ့ဘ၀ရဲ့ အမြင့်ဆုံးအရာ ဖြစ်တဲ့ နက်နဲသိမ်မွေ့ တဲ့ အသိဥာဏ်ကို မရနိုင်ပါဘူး ။၊ပစ္စည်းနဲ့ အပျော်အပါးပဲရမယ် ။

အပျော်အပါး.. ၁၀.နှစ်ခံစားလို့လဲ ဘာမှအဆင့်အတန်း  မြင့်မလာဘူး။

ဘယ်လောက်စိတ်ထားပိုကောင်းလာမလဲ...
ဘာမှ မထူးလာဘူးနော် .....

#တရားနဲ့နေသွားမှစိတ်ဓာတ်အဆင့်အတန်း .. အသိဥာဏ် အဆင့်အတန်း တစ်နေ့တစ်ခြား မြင့်လာမယ်..။

💫💫💫💫💫💫💫💫💫💫💫💫💫

➳ ➳ ➳ ➳ ➳  ဆရာတော်ဦးဇောတိက

No comments:

Post a Comment