စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, July 10, 2015

ဆီမီးပူ​ဇော်​ခြင်း..

မေး.... တန်ခိုးကြီးဘုရားတွေမှာ မနက်ခင်း နေ့ခင်း.. အလင်းရောင်ရှိချိန် မီးထွန်းပုဇော်တာ ကုသိုလ်ရရှိပါသလား..။

##ဖြေ... အလှူခံ.. လှူဖွယ်ပစ္စည်း.. လှူလိုသောစေတနာ..  လှူခြင်းဆိုတဲ့ ဒါန အင်္ဂါလေးချက်နဲ့ ပြည့်စုံတဲ့ အတွက် ကုသိုလ် ရသင့်သလောက်တော့ ရဖို့ရှိပါတယ်..။

        ဒါပေမယ့် ဆီမီးထွန်းတဲ့ ရည်ရွယ်ချက်က အမှောင်ခွင်း အလင်းဆောင်ဖို့.. အလင်းရောင်ရမှ ဆင်းတုစေတီကို ဖူးမြှော်ကြည်ညိုဖို့ ဖြစ်တယ်..။

       အလင်းရောင်ရှိချိန်မှာ ဖယောင်းတိုင်ထွန်း ပူဇော်တော့ အလင်းရောင်ဟာ ပိုမလာဘူး..။
       ဒါကြောင့် မနက်ညအမှောင်တု ရှိတဲ့ အချိန်မှာသာ ဖယောင်းတိုင် နဲ့ လျှပ်စစ်မီးထွန်းညှိ ပူဇော်သင့်ပါတယ်..။

       အလင်းရောင် ရှိချိန်မှာ ဘုရားရောက်လို့ ဆီမီးကိုလဲ ပူဇော်ချင်တယ်ဆိုရင်တော့ မီးပူဇော်ရန်ဆိုတဲ့ အလှူခံသေတ္တာထဲ လှူခဲ့တာ ပိုကောင်းပါတယ်..။

     ဒါမှမဟုတ်လဲ အမှော်နည်းနည်းရှိတဲ့ ဓမ္မရုံထဲ ဂူထဲကဘုရားမှာ ညှိထွန်းပူဇော်ရင် ပိုကောင်းပါတယ်..

No comments:

Post a Comment