စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, July 9, 2015

** ဒါနပါရမီ..


❆ ❆ ဒါနပါရမီ ❆ ❆

မေး... ဒါနဟာ သံသရာရှည်စေတယ်ဆိုတာ မှန်ပါသလား..။
ဖြေ... မဟုတ်ပါဘူး..။ သံသရာမှ လွတ်မြောက်လိုတဲ့ အလောင်းတော်တွေဟာ ဒါနဟာ သံသရာမှ လွတ်မြောက်ကြောင်းဖြစ်လို့သာ ဒါနပါရမီကို ပြုလုပ်ကြပါတယ်..။

   ပါရမီ( ၁၀ )ပါးမှာ ဘုရားအလောင်းတော်တွေဟာ ဒါနပါရမီကို ပထမဦးဆုံး ဖြည့်ကြပါတယ်...။

    အလောင်းတော်တွေဟာ မိမိအတွက် ခုဘ၀ နောက်ဘ၀ သာယာရေးအတွက် ဘာတစ်ခုမှ မတောင့်တကြ.. သတ္တ၀ါ အများ ကောင်းစားစေလို ချမ်းသာစေလိုသော စေတနာသာထား၍  လှူဒါန်း ပေးကမ်းကြတယ်..။
     ဤဒါနမျိုးကို ပါရမီမြောက် ဒါနလို့ ခေါ်ပါတယ်..။

   အကယ်၍တောင့်တလိုလျှင်လည်း သံသရာမှလွတ်မြောက်ရေးအတွက် နိဗ္ဗာန် ကိုသာ တောင့်တ၏..။

     ထိုတဏှာမှလွတ်ရာ နိဗ္ဗာန် ကို တောင့်တသော ၀ဋ္ဋနိဿိတဒါနသည် သံသရာကို အရှည်စေသည့်ပြင် ... သံသရာမှ မြန်စွာ လွတ်မြောက်ကြောင်းပင် ဖြစ်နိုင်ပါတယ်...။
➳ ➳ ➳ ➳ ➳ ❆ ❆ ❆ ❆  ❆ ➳ ➳ ➳ ➳ ➳
   ဤသို့ဖြစ်၍ .အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပြီး နိဗ္ဗာန် စခန်း လက်တစ်ကမ်းသို့ လျှင်မြန်လွယ်ကူစွာ ရောက်ကြပါစေသော်ဝ်..။
_/|\_^^ _/|\_^^_/|\_^^_/|\_^^_/|\_

No comments:

Post a Comment