စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, July 24, 2015

ယုံမှားသံသယဖြစ်​ထိုက်​ပါတယ်​..

"အလံဟိ ဝေါ ကာလာမာ ကင်္ခိတုံ အလံဝိစိကိစ္ဆိတုံ.. ကင်္ခိနီယေ၀ ပန ဝေါ ဌာနေ ၀ိစိကိစ္ဆာ ဥပ္ပန္နာ ။""

" ကာလာမတို့ သင်တို့ဟာ ယုံမှားသံသယဖြစ်သင့်ပါတယ်။

သံသယဖြစ်ထိုက်တဲ့ ကိစ္စမှာ သင်တို့ သံသယ ဖြစ်ကြတယ်.."လို့ဆိုလိုပါတယ်။

    အဲ့ဒါကိုဖတ်ရတော့ သံသယဖြစ်ရတာဟာ ဖြစ်သင့်ဖြစ်ထိုက်တယ်..လို့ လက်ခံလာတယ် ။

       သံသယ ဖြစ်ထိုက်တဲ့ ကိစ္စမှာ သံသယ ဖြစ်တာဟာ ဥာဏ်ရှိလို့ပါ ။  

ဥာဏ်ရှိတဲ့သူဟာ ပြောတိုင်း မယုံဘူး ။     သံသယကြီးတယ် ။      ဒါကြောင့် လှည်းစားတာကို သိပ်မခံရဘူး ။        ဥာဏ်နည်းတဲ့သူ အားငယ်တတ်တဲ့သူဟာ ယုံလွယ်တယ်။    

  ဒါကြောင့်လှည့်စားတာကို ခံရတယ်။   သံသယ ဖြစ်တတ်တဲ့သူတွေကြောင့် လောကကြီး တိုးတက်လာတာ ။  

မဟုတ်ရင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး ။

    #တိုးတက်မှာမဟုတ်ဘူး  ။  

   ဟုတ်ရဲ့လား မှန်ရဲ့လားလို့ အမြဲတမ်းမေးပြီး   စစ်ဆေးနေတဲ့သူတွေကြောင့် တိုးတတ်လာတာ ။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပိုကောင်းအောင် တီထွင်ကြံဆ ပြီး လုပ်နေတဲ့သူတွေကြောင့် တိုးတက်လာတာ ။   

   ရှေးတုန်းကအတိုင်းတွေးပြီး လုပ်နေကျအတိုင်း လုပ်တဲ့သူတွေကြောင့်  တိုးတက်လာတာ မဟုတ်ဘူး ။     ယုံလွယ်သူတွေကြောင့် တိုးတက်လာတာ မဟုတ်ဘူး ..။   

  ✏ ဆရာတော်ဦးဇောတိက

No comments:

Post a Comment