စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 25, 2015

မေတ္တာဆိုတာ..

လောကကြီးမှာ ""မေတ္တာ "" ဆိုတာ ..ရေကြည်ကြည်အေးအေးနဲ့..တူတယ်..ဒကာကြီး

ဦးဇင်း ဖတ်မှတ်ဖူးတာ တစ်ခုရှိတယ်..
ဗိုလ်ချုပ်အောင်ဆန်းဟာ ကျည် ၁၃ ချက် သင့်ပြီး သေဆုံးခါနီးအချိန် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှ ... သူ့ရဲ့လက်ပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းက စကားတစ်ခွန်းပြောရှာတယ်....#ရေ.... တဲ့ ..
အဲ့ဒီအချိန် သွေးထွက်လွန်နေပြီ.. ရေတိုက်လို့မဖြစ်ဘူး..။       ဗိုလ်ချုပ်အောင်ဆန်း တမ်းတ တောင့်တသွားတဲ့ ...# ရေ.. ဆိုတာ ဘာလဲသိလား..

#ရေဆိုတာသက်ရှိတို့ရဲ့ မရှိမဖြစ်မှီတွယ်ရာ ဇီဝဓာတ်ပဲ
ရေကြောင့်သက်ရှိတွေ ပေါက်ဖွားလာရတယ်လို့.  သိပ္ပံ ပညာရှင် များကဆိုကြတယ်။

ဒါကြောင့် ရေဟာ  သတ္တ၀ါတို့ရဲ့ အသက်ဓာတ်ပဲ။
#ရေရှိမှအသက်ရှင်မယ်။

#ရေမဲ့ရင်အသက်မဲ့လိမ့်မယ် ။

ဒါကြောင့် သက်ရှိမှန်သမျှဟာ ရေကို အာသာငမ်းငမ်း  တောင့်တကြတယ်...ဒီလိုပဲ...."""

      #မေတ္တာဟာရေနဲ့တူတယ်။    လူတွေဟာ ကိုယ့်အသက်ရှင်သန်ဖို့ အတွက် ရေကိုတောင့်တကြသလို... #မေတ္တာကိုလည်းအာသာငမ်းငမ်း တောင့်တနေကြတယ်။

သတ္တ၀ါ တို့ရဲ့အသက်ဓာတ်ဟာေ၇ဖြစ်သလို..
လောကကြီးရဲ့အသက်ဓာတ်ဟာလည်းမေတ္တာဖြစ်တယ်။

ရေမရှိရင် သတ္တ၀ါတွေ သေဆုံးကြသလို    မေတ္တာမဲ့ရင်လည်း    လောကကြီး  သေဆုံးသွားနိုင်တယ် ။

လူ့အသက်ဟာ ရေကြောင့်ရှင်သန်စေသလို  လောကကြီးရဲ့ အသက်ဟာလည်း   #မေတ္တာဓာတ်ပဲ..."""

ဒါကြောင့် မေတ္တာတရားနဲ့ လောကကြီးငြိမ်းချမ်းဖို့ လွမ်းခြုံထားသင့်လှပေတယ်..။

        ✏ ဦးဇင်းအရှင်ဝဇီရဥာဏ..  
               မေတ္တာနံက်ခင်း..စာအုပ်မှ.

No comments:

Post a Comment