🌟ဗုဒ္ဓ ဘာသာ (၃ )မျိုး 🌟
၁.. အောက်တန်းဗုဒ္ဓဘာသာ (တစ်နည်းပြောရရင် ) မူလတန်းဗုဒ္ဓဘာသာ
၂.. အလယ်တန်းဗုဒ္ဓဘာသာ
၃.. အထက်တန်းဗုဒ္ဓဘာသာ.. ဟူ၏။
❆ ❆ ❆ ❦ ❦ ❦ ❦ ❆ ❆ ❆
✨အောက်တန်းမူလ. ဗုဒ္ဓဘာသာ
ကံကိုယ်ပိုင်ရှိ မြင်သိပေရှာ
အလယ်ထင်လင်း မြင်ရှင်းလက္ခဏာ
အထက်တန်း လေးခန်းမြင်သစ္စာ ။
၁.. အောက်တန်းမူလ ဗုဒ္ဓဘာသာ ဆိုတာ ကမ္မဿ ကတာ သမ္မာဒိဋ္ဌိဥာဏ် အခြေခံရမယ် ။ ကမ္မဿ ကတာ သမ္မာဒိဋ္ဌိဥာဏ် ပိုင်ရှင် အောက်တန်းမူလ ဗုဒ္ဓဘာသာ ဖြစ်တယ်။ မူလတန်းဗုဒ္ဓဘာသာ အောင်တယ်။ "" ကံ.. ကိုယ်ပိုင်ရှိ မြင်သိပေတာ " ဆိုတဲ့အတိုင်းပဲ ကံတရားသာလျှင် ကိုယ်ပိုင်ရှိတယ် ။ ကမ္ဘာလောကကြီး ရှိရှိသမျှ ကံကစီမံနေတယ် ။ ဘယ်သူဖန်တီးတာမှ မဟဟုတ်ဘူး.
။ ကမ္မဿ ကတာ သမ္မာဒိဋ္ဌိဥာဏ်ရှိရင် အောက်တန်းမူလ ဗုဒ္ဓ ဘာသာလို့ခေါ်တယ် ။
၂.. အလယ်တန်းဗုဒ္ဓဘာသာ ဖြစ်ဖို့က " အလယ်ထင်လင်း မြင်ရှင်းလက္ခဏာ.."" ဆိုတဲ့ အတိုင်း ရုပ် နာမ်တွေရဲ့ ဖြစ်ပျက်သွားတဲ့ သဘောလက္ခဏာ တွေကို ဥာဏ်ထဲထင်ပြီးတော့ တစ်ကြိမ်သိသိ... နှစ်ကြိမ်သိသိ ... အကြိမ်များစွာပဲ သိသိ ... သိလိုက်ရင် အလယ်တန်းဗုဒ္ဓဘာသာ ဖြစ်တယ် ။
၃.. အထက်တန်းဗုဒ္ဓဘာသာ ဖြစ်ဖို့က "" အထက်တန်း .. လေးခန်းမြင်သစ္စာ..."" ဆိုတဲ့အတိုင်း သောတာပတ္တိမဂ်ဥာဏ်.. ဖိုဥာဏ် ဆိုက်ပြီးတော့ သစ္စာလေးပါးကို တစ်ပြိုင်နက်တည်း သိတဲ့ဥာဏ်......... ဖြစ်ပျက်ကျော်လွန်ပြီး.. ဖြစ်ပျက်တွေရဲ့ ငြိမ်းရာ သိမ်းရာ နိဗ္ဗာန် ကိုမြင်သွားတဲ့ ဥာဏ်ကို ရပြိီဆိုတော့မှ အထက်တန်းအကျဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်သွားပြီ ။
ဒါကြောင့် မိုးကုတ်မြို့ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ သုနန္ဒ အရှင်မြတ်သည် ဆက်လက်ပြီးတော့ .. မိမိနှင့်ဆက်ရာ ဒကာ ဒကာမ တွေကို အောက်တန်း မူလတန်း ဗုဒ္ဓဘာသာကနေ. အလယ်တန်း ဗုဒ္ဓဘာသာ........ အလယ်တန်းဗုဒ္ဓဘာသာ ကနေ အထက်တန်းဗုဒ္ဓဘာသာ အဆင့်တိုင် တက်လှမ်းနိုင်အောင် သွန်သင်ဟောကြားပြသနိုင်တဲ့ သာသနာ့ အာဇာနည် အမျိုးကောင်းသားဖြစ်ပါစေသတည်း..
လို့ ဘုန်းကြီးက သြ၀ါဒပေးလိုက်ပါတယ်။
👉အရှင်ကုဏ္ဍလာဘိဝံသ
No comments:
Post a Comment