စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, July 19, 2015

အရိယာသစ္စာကိုရှာ​ဖွေနည်း..

မြတ်စွာဘုရားရှင်၏မဇ္ဈိမပဋိပဒါ နည်းဖြင့် အရိယသစ္စာကို ရှာဖွေနည်းလောက ဥပမာ။

"ပန်းတစ်ပွင့်ကိုခူးမည်ဆိုပါက ပထမဦးစွာ ပန်းပင်ပေါ်၌ပန်းပွင့်ဦးစွာရှာရမည်။

ထို့နောက်မာသောမြေနေရာကိုရှာရ
မည်။
ယင်း မာနေမြေနေရာ၌လှေ
ကားထောင်ရမည်။
ထို့နောက်တက်ခူးရမည်။
ထို့နောက်
ပန်းပွင့်ကိုဟိုဘက်ဒီဘက် ထက်
အောက်လှန်၍ကြည့်ရမည်။
ထို့နောက်ပန်းပွင့်​နှင့်ပတ်သက်၍
အကောင်းအဆိုးဆုံးဖြတ်မည်။

ထိုနည်းတူစွာ  ပန်းပွင့်ကို တွေ့အောင်​ရှာခြင်းနှင့် တရားအာရုံကိုတွေ့
အောင်ရှာခြင်း တူပါ၏။

ယင်းကို သမ္မာသတိ ဟုခေါ်ဆိုထိုက်
ပါ၏။

မာသောမြေနေရာသည် သီလ နှင့်
တူ၏။
သီလတွင် သမ္မာဝါစာ သမ္မာကမ္မန္တ
သမ္မာအာဇီဝ တို့ပါဝင်၏။

လှေကားထောင်ခြင်းသည် ဝီရိယ
နှင့်တူပါ၏။
ယင်းကို သမ္မာဝါယမ ဟုဆိုထိုက်၏။

ပန်းခူးခြင်းသည် တရားအာရုံကိုရ
အောင်ယူခြင်းနှင့်တူ၏။
ယင်းကို သမ္မာသမာဓိ ဟုခေါ်၏။

ပန်းပွင့်ကိုဟိုဘက်ဒီဘက် ထက်
အောက်လှန်ခြင်းသည် တရားအာ
ရုံကိုကြံစည်ခြင်း ဝိတက် နှင့်တူ၏။
ယင်းကို သမ္မာသင်္ကပ ဟုဆို၏။

ပန်းပွင့်အပေါ်ကောင်းမကောင်း
ဆုံးဖြတ်ခြင်းသည် တရားအပေါ်၌ နိစ္စလား အနိစ္စလား သုခလား ဒုက္ခ
လား အတ္တလား အနတ္တလား အမှန်
သိအောင်ကြည့်မြင်သောဥာဏ်နှင့်
တူ၏။
ယင်းကို သမ္မာဒိဋ္ဌိ ဟုခေါ်ပါ၏။

ဤသည်မှာ ဘုရားရှင်၏ မဇ္ဈိမပဋိပဒါ နည်းအရ တရားအား
ထုတ်ပုံဖြင့် အရိယသစ္စာကို ရ ရှိစေ
ခြင်ြး​ဖစ်ပါ၏။
သုံးတတ်သူများ အင်မတန်အကျိုး
များပါ၏။

No comments:

Post a Comment