ခင်ပွန်းကြီးဆယ်ပါး..အကျိုးများ.
°´°´°´°´°"""""°´°´°´°´°´´
လောကီ လောကုတ္တရာ နှစ်ဖြားသောအကျိုးအတွက် အဆွေခင်ပွန်းကောင်းဆိုတာ မရှိမဖြစ်လိုအပ်လှပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ဘုရား ပွင့်ထွန်းပေါ်ပေါက်လာတဲ့အတွက်ကြောင့် သတ္တ၀ါတွေဟာ ဒီဟာတွေကတော့ ကုသိုလ်ပဲ.. ဒီဟာတွေကတော့ အကုသိုလ် ပဲလို့ ကွဲကွဲပြားပြား သိရတာပါ ..
ဒါကြောင့်...
၁.. ဘုရားရှင်တော်မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလဲ ဤကားကုသိုလ် အကုသိုလ် နှင့် ထိုထိုဘုံဘ၀ မသိရ များလှအပြစ်တွေ..။
၂..... ဘုရားရှင်တော်ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ် နှင့် ထိုထိုဘုံဘ၀ သိကြရ များလှကျေးဇူ့ပေ ....ဟု စပ်ဆိုထားပါတယ်..။
အလွန်ကိုနတ်ရှိုင်းတဲ့ မေတ္တာ ဓာတ်တွေနဲ့ သတ္တ၀ါတွေရဲ့ အပေါ် . သားသမီးတွေရဲ့အပေါ်မှာ ကောင်းကျိုးမှန်သမျှ ဆောင်ရွက်ပေးတော်မူခဲ့ကြတဲ့ ဘုရားရှင်နှင်တကွ မိဘတွေဟာ ကျေးဇူ့ရှင်တွေပဲ..။ လောကမှာ ကျေးဇူ့တင်ထိုက်တဲ့ ကျေးဇူ့ဆပ်ထိုက်တဲ့ ပုဂ္ဂိုလ် ဆယ်ယောက်ရှိတယ် ။ ခင်ပွန်းကြီးဆယ်ပါ လို့လဲခေါ်တယ် ။
၁... ဗုဒ္ဓ.. . သမ္မာသမ္ဗု ဒ္ဓဘုရား
၂... ပစ္စေကဗုဒ္ဓ.. ဘုရားငယ်
၃... အရဟန္တ ...... ရဟန္တာ
၎... အဂ္ဂသာဝက .. ဘုရားရှင်၏တပည့်ကြီး..
၅ ... မာတာ.. အမိ
၆.... ပိတာ..... အဖ
၇... ဂုရု... အလေးအမြတ်ပြုအပ်သောဆရာ..
၈... သတ္တာ ဆုံးမစကားပြောကြားအပ်သောဆရာ..
၉... ဓမ္မဒေသက. တရားဟော.တရားပြသူ..
၁၀... ဒါယကာ.. ပေးကမ်းသောသူ.
ဤဆယ်ယောက်ကို ကျေးဇူ့အထူးရှိတဲ့ ပုဂ္ဂိုလ် ဆယ်ယောက်လို့လဲခေါ်တယ်..။
မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ် ဆယ်ယောက်လို့လဲ ခေါ်တယ်..။
ကိုယ့်အပေါ်ပြုဖူးတဲ့ ကျေးဇူ့တရားများကိုလဲ ပြန်လည် ပေးဆပ် သင့်လှပေတယ်..
ကျေးဇူ့တရားကို သိ၍ ကျေးဇူ့ပြန်လည်ဆပ်သူကို သူတော်ကောင်းဟု ခေါ်တယ်..
✏ အရှင်တေဇောသာရ.. ပဲခူး.
လောကီလောကုတ္တရာ.....
် နှစ်ဖြာအကျိုးအတွက် ခင်ပွန်းကြီးဆယ်ပါး နှင့် တွေ့ခွင့်ရသော.. မိမိကိုယ်ကိုယ် ခင်ပွန်းကြီးဆယ်ပါး ထဲတွင် ပါဝင်နိုင်သော. .. ကျေးဇူ့ပြုခံထိုက်သူများ ဖြစ်အောင် ကြိုးစားကြဖို့.. အထူးပင်တိုက်ထွန်းချင်ပါတယ်..
ကျေးဇူ့အထူးကို ပြန်လည်ပေးဆပ်နိုင်သော သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေလို့.. ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်..။
No comments:
Post a Comment