စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, July 6, 2015

ဆုံးမနည်းအဖြာဖြာ..

Who dares nothing , need hope for nothing.( schiller)
    ဘာကိုမှ သတ္တိ ရှိရှိ စွန့်စွန့်စားစား မလုပ်တဲ့သူဟာ ဘာကိုမှ မျှော်လင့်ချက်ထားနေဖို့ မလိုပါဘူး..။
    လေ့လာစရာတွေ အများကြီး လုပ်စရာတွေ အများကြီးရှိနေပါတယ်..။
   လုပ်စရာမရှိဘူး.... လို့ ပြောတာ မလုပ်ချင်ဘူးလို့ ပြောရမှာကို ရှက်လို့ လုပ်ရမှာကို ပျင်းလို့ပြောတာပါ..။

Vision is the primary motivation of human action.
    ကောင်းတဲ့ စိတ်ကူး မျှော်လင့်လျက်ဟာ လက်တွေ့လုပ်ဖို့ အဓိကတွန်းအားဖြစ်တယ်..။ အဓိကအကြောင်းဖြစ်တယ်..။
     ကောင်းတာလုပ်ချင်တဲ့ အင်မတန် ပြင်းပြတဲ့ ဆန္ဒနဲ့ မအားမလပ်အောင် လုပ်နေတဲ့သူမှာ စိတ်ဓာတ်ကျစရာကို တွေးနေဖို့ အချိန်မရှိဘူး..။
      ပြင်းပြတဲ့ ဆန္ဒရှိရင် အခက်အခဲ အတားအဆီးအားလုံးကို ကျော်လွှားနိုင်ပါတယ်...။
      _/|\_ ဆရာတော်ဦးဇောတိက
       📖  အသက်ရှင်လျက်ဘ၀သေနေသူစာအုပ်မှ...

No comments:

Post a Comment