စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 11, 2015

ဝေဖန်​ခံရမှာမ​ကြောက်​ပါနဲ့..

** ချို့ယွင်းချက်ကို ထောက်ပြပြီး ဝေဖန်တာဟာ ခံရတဲ့သူကို ဧကန်မုချ စိတ်ဆင်းရဲမှု ဖြစ်စေမယ် ။

      ကိုယ့်သဘောထားကို ရိုးရိုးသားသားကြည့်ပါ ။ ဘက်မလိုက်ပါနဲ့ ။         သူများဝေဖန် ခံရလို့ ကိုယ်စိတ်ဆင်းရဲ ရတယ်ဆိုရင်  နေ့တိုင်းဝေဖန်ခံနေရရင် ဘယ်နှယ်လုပ်မလဲ..

** နတ္ထိ လောကေ အနိန္ဒိတော ...
         လောကမှာ အပြစ်တင်မခံရတဲ့သူ မရှိဘူး..တဲ့..

လူပီသတဲ့လူ ဖြစ်ဖို့အတွက် လူမှု့ဆက်ဆံရေးဆိုတာ ရှိမှ ရမယ်.. ကိုယ်ကလဲ သူများကို ထောက်ပြနိုင်ရမယ် ။

လွဲနေတာ မှားနေတာကို ထောက်ပြမယ့်သူ ရှိမှဖြစ်မယ်။ မေတ္တာနဲ့ ..ကရုဏာနဲ့ ဥာဏ်ပညာနဲ့ ယှဉ်ပြီးတော့ ထောက်ပြရမယ် ။

သူများဝေဖန်တာကိုလဲ ကိုယ်ကိုယ်တိုင် ဝေဖန်စမ်းစစ်လက်ခံရမယ်.. အမှားနဲအောင် အရည်အချင်းတတ်အောင်လို့ ဝေဖန်ပေးတာလို့ လက်ခံရမယ်။

သူဝေဖန်တာမမှန်ရင်လဲ ပြန်ရှင်းပြပေးရမယ်။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နိုင်ရမယ် ။ ရေရှည်မှာ မှားတယ်.. မှန်တယ်ဆိုတာ အလုပ်ကသက်သေပြပါလိမ့်မယ်။

   ချီးမွမ်းရင်လဲ သိပ်ဝမ်းမသာရဘူး  ။ ကဲ့ရဲ့ရင်လည်း သိပ်ဝမ်းမနည်းရဘူး..
ဆိုတဲ့ စိတ်ဓာတ်မျိုးရအောင် မွေးယူရမယ် ။ သူများပြောတိုင်း စိတ်ဆင်းရဲသွားရင် ဆင်းရဲသွားတဲ့ စိတ်ကလေးကို ကြည့်ပြီးတော့ သူကဒီလိုပြောလို့ ဟောဒီလို ငါစိတ်ဆင်းရဲနေပြီလို့ သိလိုက်ပါ။  လောကမှာ လူတွေက ကြောက်လေ ခြောက်လေပဲ။ ဝေဖန်မှာကို သိပ်မကြောက်နဲ့ .။ သိပ်မကြောက်ရင် ဝေဖန်နေတဲ့သူက ပြောအား သိပ်မရှိတော့ဘူး..။

         **ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )

No comments:

Post a Comment