*** ရဟန်းချမ်းသာ ( ၈ ) ပါး
သမဏသုခ( ၈ ) ပါးသရုပ်
၁.. လူများကဲ့သို့ ပစ္စည်း ဥစ္စာများကို သိုလှောင်သိမ်းဆည်းထားမှု့မရှိခြင်း..။
၂ .. အပြစ်ကင်းသော ဆွမ်းကို ရှာကြံစားသောက်ခြင်း။
၃.. စိတ် လက်အေးချမ်းစွာ စားရခြင်း..
( ဆွမ်းအေးစားရခြင်း )
၎.. တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့မှ အခွန်အတုတ် နှိပ်စက်မှုမှ လွတ်ကင်းခြင်း..။
၅.. နေထိုင်ရန် ကျောင်း ကန် အဆောက်အအုံတို့၌ တွယ်တာမက်မှု မရှိခြင်း..။
၆.. ခိုးသူဘေးရန်အတွက် ကြောင့်ကြပူပန်မှု့ မရှိခြင်း..။
၇.. မင်းစိုးရာဇာတို့နှင့် မရောမယှက် ကင်းကင်းရှင်းရှင်း နေနိုင်ခြင်း..။
၈.. အရပ်လေးမျက်နှာတို့၌ အတားအဆီး အပိတ်အပင်မရှိသွားလာနိုင်ခြင်း.. ဟူ၍ သမဏသုခ.. ၈ ပါး ( ရဟန်းချမ်းသာရှစ်မျိုး.) ရှိကုန်၏..။
ဆောင်ပုဒ် ..
ရဟန်းချမ်းသာ ဥစ္စာမသိမ်း ပြစ်ငြိမ်းဆွမ်းရှာ အေးစွာစားရ. ရဋ္ဌာမပူ ဆောက်ဦမငဲ့ ဘေးမဲ့သူခိုး မင်းမျိုးမစပ် လေးရပ်မတား ဤရှစ်ပါးကား မှတ်သားသမဏ မြတ်သုခတည်း..။
No comments:
Post a Comment