သုမနမင်းသ္မီးအမေး မြတ်ဗုဒ္ဓ၏ အဖြေ
သုမနာ မင်းသ္မီး လေး သည် မြတ် ဗုဒ္ဓ အား...
" ဘုန်းတော်ကြီး လှ သော မြတ်စွာ ဘုရား ... သီလ အကျင့် မြတ် ကို သာ စောင့် ထိန်းသူ နှင့် သီလ ရော ဒါန နှစ်မျိုး လုံး ပြု သူ ဘယ်လို ကွာပါ သလဲ ဘုရား ? " ဟု မေး လျှောက်ပါတယ် ။
။ ထို အခါ မြတ်ဗုဒ္ဓ သည် သုမနာ မင်းသ္မီး လေး အား.....
" ချစ်သ္မီး ...ည အခါ တိမ်ကင်းစင် တဲ့ အာကာပြင် မှာ ကြယ် လေး တွေ ခြံရံပြီး ထွန်းလင်း နေတဲ့ လမင်း ကြီး လို ဒါန ကုသိုလ် ရှိသူ ဟာ ဖြစ်လေ ရာ ဘဝ မှ တင့် တယ် ခြင်း ရှိတယ် ။
မိုဃ်း ကြီး သည်းထန် စွာ ရွာသွန်းသော အခါ မိုးရေ တွေဟာ မြင့် ရာ က နိမ့်ရာ ကို လွှမ်းသွား သလို ဒါန မျိုးစေ့ ပါခဲ့ သူဟာ ဖြစ်လေရာ ဘဝတိုင်း
(၁) အသက် ရှည် ခြင်း
(၂) အဆင်း လှ ခြင်း
(၃) ကိုယ် စိတ် နှစ်ပါး ချမ်းသာ ခြင်း
(၄) အခြံ အရံ ပေါများ ခြင်း
(၅) သူတစ်ပါး အပေါ် လွှမ်းမိုး ၍ ဘုန်းတန်ခိုး ကြီးမား ခြင်း
ဤ အကျိုးတွေ ရတယ် ။ သေလွန်တဲ့ အခါ မှာ လည်း နတ်ပြည် သုဂတိ သို့ ရောက် ရတယ် " လို့ ဟောတော် မူခဲ့ ပါတယ် ။
အရှင် ဗုဒ္ဓ သိဿ
No comments:
Post a Comment