စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, July 24, 2015

ကိုယ်​ကျင့်​သီလ

အနတ္တသဘောကို သင်ကြားပေးခြင်း၌ လေးနက် သိမ်မွေ့သော ကိုယ်ကျင့်တရား တန်ဖိုးရှိပါသည်..။

  လူတို့သည် အတ္တကို အမှန်တကယ်ရှိသည်ဟု ယုံကြည်နေသမျှ ကာလပတ်လုံး တစ်ကိုယ်ကောင်း ဆန်ခြင်းကို စွန့်ပယ်နိုင်လိမ့်မည် မဟုတ်..။

     ဤ အကြောင်းကြောင့် မြတ်စွာဘုရားသည် "" အတ္တ "" (၀ါ ) #ငါ ရှိသည့်နေရာတိုင်း၌ စင်ကြယ်သည့် ကိုယ်ကျင့်သီလ မရှိနိုင်..ဟု မိန့်ဆိုတော်မူ၏..။

   "" ငါ "" ဟူသော ယူဆချက်ကို မောင်းထုတ်လိုက်စမ်းပါ..။

   ကိုယ်ကျိုးစွန့်၍ အများအကျိုး သယ်ပိုးခြင်းသည် ၎င်း၏ နေရာမှန်ဖြစ်သော ကိုယ်ကျင့်တရား အခြေခံပေါ်တွင် ပြန်လည်နေရာရပြီးသား ဖြစ်သွားပေလိမ့်မည်..။

   ✏ ဒေါက်တာမင်းတင်မွန်..
     သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ.(.နှာ.၁၁၃)

No comments:

Post a Comment