စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 18, 2015

ကိ​လေသာတို့၏အချုပ်

ကိလေသာဆယ်ပါးတွင်**** လောဘ ဒေါသ မောဟ သုံးပါးကား ခေါင်းဆောင်အချုပ်အခြာပင်ဖြစ်သည်။  

  ကျန်ခုနှစ်ပါးက ၎င်းသုံးပါးထဲသို့ ထိုက်သလို အကျုံးဝင်ကြရသည် ။  

၎င်းကောင်းတရားဆိုး သုံးမျိုးအနက်က တစ်မျိုးမျိုးကို လက်ခံ သိမ်းပိုက်မိသည်နှင့်   ထိုသူသည်    အကောင်းအဆိုး  အကြောင်းအကျိုး ဘာမှ  မတွေးတောနိုင်တော့ဘဲ   လူစင်စစ်က တိရစ္ဆာန် စိတ် ၀င်ကာ မကောင်းမှု့ မှန်သမျှ လုပ်ရဲပါလေသတည်း။    

လူသည် တစ်မျိုးတည်းဖြစ်သော်လည်း   စိတ်အားဖြင့်   နှစ်မျိုးသာရှိ၏ ။  

  ထိုစိတ်နှစ်မျိုးအနက်   တစ်မျိုးမျိုးဖြင့်  အလှည့်ကျ   နေသည်ဟု မှတ်နိုင်ပါသည်။ 

   ၎င်းစိတ်နှစ်မျိုးကား  တိရစ္ဆာန်စိတ်နှင့်  ဗြဟ္မာစိတ်တို့ ဖြစ်ပေသည် ။    

လောဘ. ဒေါသ. မောဟ. တစ်ခုခု ဦးဆောင်နေသောအခါ  တိရစ္ဆာန် စိတ်ဖြစ်နေသည် ။  

  မေတ္တာ   ကရုဏာ  မုဒိတာ   ဥပေက္ခာတရားများ  ဦးဆောင်နေသောအခါ   ဗြဟ္မာစိတ်ဖြစ်နေသည် ။  

  ပညာမဲ့လူယုတ်မာဖြစ်အောင် တိရစ္ဆာန်စိတ်ကဖန်တီးပြီး...  ပညာရှိသူတော်ကောင်းဖြစ်အောင်   ဗြဟ္မာစိတ်က ဖန်တီးသည်။ 

      ✏ မေတ္တာရှင်.. ရွှေပြည်သာဆရာတော်

No comments:

Post a Comment