စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, July 6, 2015

နိ​ဗ္ဗာန်​​ရောက်​​ကြောင်း

❆ ❆နိဗ္ဗာန်ရောက်ကြောင်း.. ❆ ❆

  နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်တဲ့ အကျင့်ကို ကျင့်လိုတဲ့ ရဟန်းဟာ....
၁.. ကိုယ်ကောက်ခြင်းကို ပယ်ရမယ်..။
၂.. နှုတ် ကောက်ခြင်းကို ပယ်ရမယ်..။
၃.. စိတ် ကောက်ခြင်းကို ပယ်ရမယ်.. ။

      ကိုယ်..နှုတ်.. စိတ် ကောက်ခြင်းများမှ ဝေးစွာ ရှောင်ရှားရမယ်..။ အဲ့ဒီလို ရှောင်ရှားပြီး လာဘ်လာဘကို မြွေပွေး.. မြွေဟောက် ရန်သူတို့လို သဘောထားပြီး.....

၁.. မကန်းသော်လည်း ကန်းချင်ယောင် ဆောင်ရမယ်..။
၂.. မ အ သော်လည်း အ,ချင်ယောင်ဆောင်ရမယ်..။
၃... နားမထိုင်းသော်လည်း နားထိုင်းချင်ယောင်ဆောင်ရမယ်..။
၎..မကောက်ကျစ် မစဉ်းလဲရဘူး..။
၅.. မလှည့်ပတ်ရဘူး..။

★ ★၀ိဝေကသုံးပါး ★ ★
၁.. ကိုယ်၏ ဆိတ်ငြိမ်ခြင်းဟု ဆိုအပ်သော အပေါင်းအဖော် တပည့်သား မြေး တို့မှ ကင်းကွာနေရမယ်..။

၂.. စိတ်၏ ဆိတ်ငြိမ်ခြင်းဟု ဆိုအပ်သော သမာပတ် ရှစ်ပါး ၀င်စား၍ သမာဓိလုပ်ငန်း.. ကမ္မဋ္ဌာန်းအားထုတ်နေရမယ်..။

၃.. ဥပဓိခန္ဓာငါးပါး၏ ဆိတ်ငြိမ်ခြင်းဟု ဆိုအပ်သော နိဗ္ဗာန်ကို အာရုံပြု၍ နေရမယ်.. ။
..........ဤသည်တို့သည် နိဗ္ဗာန် ရောက်ကြောင်း အခြေခံ အကျင့်ကောင်းတည်း..။

No comments:

Post a Comment