စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 11, 2015

ပျားသို့ပမာ

🌟 ပျားသို့ပမာ 🌟
၁ ။ ""ပျားရည် "" ဆိုသည်မှာ ချိုမြိန်သောအရသာရှိ၏ ။  အင်အားကြည့်စေ၏။ ချမ်းသာမှု့ကိုပေး၏ ။ ဆေးဖက်ဝင်၏။ အားလုံးကနှစ်သက်ကြ၏။     မွန်မြတ်သောပစ္စည်းဟုသတ်မှတ်ကြသည်။

            ထို့အတူ မြတ်စွာဘုရားကို ဟောကြားတော်မူသော အမှန်လးပါး သေစ္စာတရား တို့သည်လည်း ဤ ပျားနှင့်အလားတူကြ၏။  ပျား၏အင်္ဂါရပ်များဖြစ်တော့၏ ။ 

၂ ။  ထိုမှတဖန်... ပျားရည် တို့သည် ပုပ်သိုးသည့်အလေ့မရှိ .. ပျက်စီး၍ စွန့်ပစ်ရသည့် ထုံးစံဓမ္မတာ သူ့မှာမပါ အမြဲတမ်း ရှင်သန်နေသကဲ့သို့ဖြစ်တော့၏ ။    သို့ဖြစ်၍  ""မသေဆေး ""ဟူ၍လည်း ဥပမာပေးကြ၏ ။

          ထို့အတူ သစ္စာတရားတို့သည်လည်း  ဘ၀အဖန်ဖန် မသေရအောင်   စွမ်းဆောင်နိုင်ကြသဖြင့် ပျားနှင့်ဥပမာ တူကြသည်ဟု နှိုင်းကြပြန်သည် ။

၃ ။  ထိုမှတစ်ပါး ""ပျားရည် "" ဆိုသည်မှာ အထွတ်အမြတ် ပန်းပေါင်းစုံတို့၏ ၀တ်မှုန်.. ၀တ်ရည် တို့သာဖြစ်ကြ၏ ။     ပျားကောင်များက သယ်ဆောင်ပေးကြ၍သာ "" ပျားရည် " ဟု ခေါ်နေကြခြင်း  ဖြစ်သည်။      စင်စစ်သော်ကား အမွန်အမြတ် အထွတ်အဖူး ပန်းတကာ့ပန်းတို့၏ ၀တ်မှုန်.. ၀တ်ဦးတို့သာ ဖြစ်သည် ။

        ထို့အတူ သစ္စာတရားတို့သည်လည်း  တရားတကာ  တရားတို့၏ အထွတ်အမြတ် .. အညွန့်အဖူး အဦးဝတ်မှုန်တို့သာ ဖြစ်ကြ၍   ပျားနှင့်တူမျှ သည်ဟု ခိုင်းနှိုင်းကြသည် ။

     ဤ ဆိုခဲ့ပြီး အဓိပ္ပါယ်တို့ကို ဖော်ပြလို၍ လည်းကောင်း မိုးကုတ်ဆရာတော်ကြီး၏ ဘ၀တွင်လည်း   သုံးကြိမ် .. သုံးခါ ပျားတွေဝိုင်း၍    ၀ိုင်းကြ အုံကြ ၀န်းရံခသည်ကို မှတ်တမ်းတင်လို၍ လည်းကောင်း   .....   ထိုမှတစ်ပါး မိုးကုတ်နှင့် ပျားသည်  မင်္ဂလာများ ဖြစ်သည်ဟု သိမှတ်စေလို၍   လည်းကောင်း   ဤ ပျားအုံပုံကြီးကို ဖော်ပြပါသတတ်...။

   📖တစ်ဘ၀သာသနာ ..အရှင်ဃောသိတ.

No comments:

Post a Comment