❦ ❦ ကံတရား၏စမ်းကျယ်ပုံ ❦ ❦
"" ကံဟုမူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်..။
""ဥစ္စာ ဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ထံ၌ ဥာဏ်ဝီရိယ ပယောဂတည်း ။
""ကာလဒေသ ပုဂ္ဂလကို နှိုင်းဆအပ်တုံ ကံကိုယုံ၍ မီးပုံအတွင်း မဆင်းထိုက်စွာ ....
ကျားရဲရာလည်း ကြမ္မာအကြောင်း မယိုးကောင်းဟု သူကောင်းရှေးက ဆိုကုန်ကြ၏။
"" လုံ့လမထူ ဥာဏ်မကုဘဲ အယူတစောင်း ကံတကြောင်းမျှ မကောင်းလည်းကံ ကောင်းလည်းကံ ဟု ကံကိုချည်းသာ မကိုးရာဘူး ။
""ပညာဥာဏ်ဖြင့် သင့်.... မသင့်ကို .အခွင့်ရှု၍ အပြုလုံးလ ရှိအပ်စွတည့်.... တံငါ့လက်တွင်းေ၇ာက်လျှင်းတုံငြား သုံးကောင်ငါးကို မှတ်သားဝမ်းထဲ နည်းယူစွဲလော့..။
""ကံမွဲ ... ဥာဏ်နုံ ... မလုံ့မလ... နတ်မ.မဘူး... အလသမျိုး အက်ျုးယွင်းယို ... အလိုရော့ရည်း.. မကျော့ကျည်းနှင့် ... ကိုယ်လည်းလုံ့လ... နတ်လည်း.မ.. ၍ ... တောင့်တကြံရာ မြန်အကြာလျှင်.. လွယ်ကာကိစ္စ ပြီးနိုင်ကြ၏ ။
""အန္ဓဗာလ လူထိုမျှတို့ ကမ္မ .. ၀ီရိယ မယုံကြဘူး သိဝမဟေ.. ညပ၈မေသွာ ဗြဟ္မာဗိဿ နိုး ကမ္ဘာစိုးနှင့် တန်ခိုးကြီးမား နတ်ဘုရားတို့.. ပေးစားဖန်ဆင်း ဖြစ်တုံလျှင်းဟု ချွတ်ယွင်းသမှု အမှားရှုသည် တောင်သူ့ယူလေ့ ယူလာတည်း...။
(မဃဒေ၀လင်္ကာ )
No comments:
Post a Comment