စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, July 12, 2015

ကိုယ်​.နှုတ်​. စိတ်​နဲ့ပြစ်​မှားမိရင်​..

➳ ➳ ➳  ကိုယ်. နှုတ်.. စိတ်နဲ့ ပြစ်မှားမိတဲ့ အပြစ်တွေကို ၀န်ချကန်တော့လို့ ကျေပျောက်နိုင်ပါသလား..။

    ★ ★ ဖြေ.. ★ ★
    ဒီအဓိပ္ပါယ်ရှိတဲ့ မေးခွန်းမျိုးကို စွယ်စုံကျော်ထင်ကျမ်းမှာ အောက်ပါအတိုင်း ကျီးကန်ရှင်ကြီးက မေးထားပါတယ်..။

   ❆ ❆  ပြစ်မှားမိသည်.. ကန်တော့မည်..။
             ပြစ်ခြည်ကုန်ခန်းပါလိမ့်မည်နည်း။(အပိုဒ်..၇၁၇ )
 
   အထက်ပါ အမေးကို ကျီးသဲဆရာတော်က တိကနိပါတ်ဂုင်္တ္တိုရ် အဋ္ဌကထာပါဠိကို ကိုးကားဖြေထားပါတယ်..။ အဲ့ဒီအဋ္ဌကထာပါဠိ မြန်မာပြန် အဓိပ္ပါယ်ကို ဖော်ပြပါမယ်..။

   မိခင် . ဖခင်.. စေတီ .. ဗောဓိပင်နှင့် ရဟန်းသံဃာတွေကအပေါ် ဒေါသစိတ်ဖြင့် ပြစ်မှားမိသည်ရှိသော်...
"""  အကျွန်ုပ်ပြစ်မှားမိသော အပြစ်ကို သည်းခံခွင့်လွှတ်တော်မူပါ.. """ ဟု
....တောင်းပန်ဝန်ချ ကန်တော့အံ့.. ထိုသို့ ၀န်ချကန်တော့သည်နှင့် တစ်ပြိုင်နက် ထိုမကောင်းမှု့ ကံတို့သည် ပ,ပျောက်ကုန်၏..။

   ကန်တော့ရသော ကုသိုလ်သည် ပြစ်မှားမိသော အကုသိုလ်အကျိုးပေးမှု့ကို တားမြစ်လိုက်သဖြင့် ပြစ်မှားမိတဲ့ အကုသိုလ်ဟာ အကျိုးမပေးတော့ဘဲ အဟောသိကံ ထြစ်သွားတယ်..။
( အသီးမသီးတဲ့ အဖိုပွင့်လို ဖြစ်သွားတယ်..)

    ဒီလိုကန်တော့လိုက်တဲ့ အတွက်  ပြစ်မှားမိတဲ့ အပြစ်ဟာ နတ်ပြည်ရောက်မှာကိုလဲ မတားမြစ်နိုင်ပါဘူး..။
  မဂ်ဖိုလ်ရမှု့ကိုလဲ မတားမြစ်နိုင်ဘူး..။

      ✏ မိရိုးဖလာလွန်ဗုဒ္ဓဘာသာစာအုပ်မှ

No comments:

Post a Comment