ခေမာမိဖုရားသို့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားဒေသနာတော်..
*****^^^^^^******^^^^^^^*********
က.. ချစ်သမီးခေမာ..
ကျင်နာခံခက် နှိပ်စက်တတ်သော .. မစင်မကြယ် ပုပ်ဟောင် ညှီလှောင်သော အနံ့ရှိသော ....
အထက်.. အောက် .. တစက်စက်ယိုတတ်သော လူမိုက်တို့သည် လွန်စွာ စုံမက် နှစ်သက် မြတ်နိုးအပ်သော ခန္ဓာကိုယ်ကို စေ့စေ့ ကြည့်ရှုလော့..။
ခ.. မတင့်တယ် စက်ဆုပ်ဖွယ်ဟု စိတ်ဝ်ါထင်ခြင်းမှာ တစ်ခုတည်းသော အာရုံရှိသော ကောင်းစွာ တည်ကြည်သော ဘာဝနာစိတ်ကို ပွားစေလော့..။
ကာယကောဋ္ဌာသ ၌ ဖြစ်သော အောက်မေ့ခြင်း သတိသည် သင့်အား ဖြစ်စေလော့..။ ငြီးငွေ့ခြင်းများသည် ဖြစ်စေလော့..။
ဂ... ချစ်သမီးခေမာ.. ဤ ငါ့ထံကပ်ခို မိန်းမ၏ကိုယ်သည် အိုမင်း၇ွတ်တွ ပျက်စီးရသကဲ့သို့ ထို့အတူ သင်၏ ကိုယ်သည် အိုမင်းရွတ်တွ ပျက်စီးလတ္တံ့..။
သင်၏ ကိုယ်သည် မသေခင် တင့်တယ်လှပသည်ဟု ထင်ရသကဲ့သို့ ထို့အတူ ငါ့ထံကပ်ခို ဤမိန်းမ၏ ကိုယ်သည် မသေခင် တင့်တယ်လှပသည်ဟု ထင်ရ၏ ။
အတွင်း အပလည်း ဖြစ်သော ကိုယ်၌ တပ်မက်သော ဆန္ဒရာဂကို ပယ်စွန့်ဖြတ်တောက်လော့..။
ဃ.. ပေါင်း၍တည်ဟန် သဏ္ဌာန် အကောင်အထည်မရှိဟု ခွဲထုစပ်ဖန် အဖြစ်အပျက်ကို ရှု့သော ၀ိပဿ နာဥာဏ်ကိုလည်း ပွားစေလော့..။
ထောင်လွှားသော မာနကို စွန့်ပယ်လော့ ။ ထိုသို့စွန့်ပယ်ခြင်းကြောင့် ၁၁ ပါးသောမီး ငြိမ်းကုန်သည် ဖြစ်၍ နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့..။
င... ပင့်ကူကောင်သည် မိမိပြုအပ်သော ကွန်ယက်အသွင် ပင့်ကူချည်မျှဉ်သို့ အစဉ်လျှောက်၍ နေသကဲ့သို့ အကြင်သတ္တ၀ါတို့သည် ရာဂဖြင့် တပ်မက်မောကုန်၏ ။
ထိုသတ္တ၀ါတို့သည် မိမိပြုအပ်သော #ကိလေသာအလျဉ်ခန္ဓာအစဉ်သို့အစဉ်လိုက်၍နေကြကုန်၏ ။
ပညာရှိတို့သည် ကာမဂုဏ်ချမ်းသာကို ငဲ့ကွက်တွယ်တာ ခြင်းမရှိဘဲ ပယ်စွန့်ကုန်၍ ထိုကိလေသာအလျဉ် ခန္ဓာအစဉ် ကိုလည်း တစမကျန် တွန်းလှန် ဖြတ်တောက်ကုန်၍ နိဗ္ဗာန် ထုတ်ချောက် သွားရောက်ကြကုန်၏ ။
.......××××××.........
ဤတရားဒေသနာတော်ကို ကြားနာရ၍ ခေမာမိဘုရား သည် ထိုနေရာ၌ပင် #သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေ သတည်း.....။....။....။
No comments:
Post a Comment