အကြောင်းပိုင်းမှန်ကန်ပြည့်
စုံဖို့ လို၏
==================
==================
ဗုဒ္ဓစာပေ၌ ကျင့်စဉ်များကို အစဉ်အတိုင်း ဖော်ပြ၏။
ဖြတ်လမ်းအနေဖြင့် ဖော်ပြခြင်းမပြု။
မည်သည့်လုပ်ငန်းကိုလုပ်သည်ဖြစ်စေ အသိဉာဏ်သည် ဦးဆောင်သည်ချည်း
ဖြစ်၏။
သို့ ရာတွင် ထိုအသိဉာဏ် ရရှိရာ လမ်းကြောင်းနှင့် ပတ်သတ်၍မူအမျိုးမျိုးရှိ၏။
ထို့ ကြောင့်အငြင်းပွားဖွယ်ရှိပါ၏။
ဗုဒ္ဓစာပေအရ မှန်ကန်သောအသိဉာဏ်သည် ဖြူစင်သောသမာဓိမှ ဖြစ်ပေါ်လာရ၏။
ဖြူစင်သောသမာဓိဟူသည်မှာ ဖြူစင်သောစိတ်ထားဖြစ်၏။
ယင်းကိုစိတ္တဝိသုဒ္ဓိဟုခေါ်သည်။
ဖြူစင်သောစိတ်ထားသည်လည်း... ဖြူသောကိုယ်ကျင့်တရားမှလာ၏။
ဖြူသောကိုယ်ကျင့်တရားကိုသီလဝိသုဒ္ဓိ ဟုခေါ်၏။
No comments:
Post a Comment