မြတ်စွာဘုရား ရဲ့ ကုန်မျိုးစုံဆိုင် ဆိုတာ ဘာလဲ..အဲ့ဒီဆိုင်မှာ ဘာကုန်တွေ ရောင်းသလဲ.. ဘာငွေနဲ့ဝယ်ရသလဲ..
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
ဖြေ... ဓာတု ဓမ္မ. ဥဒ္ဒိဿနဲ့ ပရိဘောဂ ဆိုတဲ့
စေတီ ၄ မျိုးနဲ့ သံဃာတော်တွေဟာ ဘုရားရှင်ဖွင့်ထားတဲ့ ကုန်မျိုးစုံဆိုင်ကြီး ဖြစ်တယ်..။
အဲ့ဒီဆိုင်ကြီးမှာ အသက်ရှည်ခြင်း..အနာကင်းခြင်း.. အဆင်းလှခြင်း.. အမျိုးမြတ်ခြင်း.. ချမ်းသာကြွယ်ဝခြင်း.. နတ်ပြည်ရောက်ခြင်း.. နိဗ္ဗာန်ချမ်းသာ ဆိုတဲ့ ကုန်မျိုးစုံကို ဖြန့် ခင်းရောင်းချတယ်..။
အဲ့ဒီအဖိုးတန် ကုန်တွေကို ဒါန.. သီလ.. ဘာဝနာ.. ကုသိုလ်ကံဆိုတဲ့ အဖိုးငွေတွေပေးပြီး ၀ယ်ယူနိုင်တယ်လို့.. ရှင်နာဂသေန က ဖြေကြားထားတယ်..။
•°•°•°•ဒါကြောင့် ဒါန.. သီလ.. ဘာဝနာ.. ကုသိုလ်ကံဆိုတဲ့ ငွေတွေ များများစုဆောင်းပြီး စေတီ ၄ ပါးနဲ့ သံဃာတော်များ ဆိုတဲ့ ဘုရားရှင်ရဲ့ကုန်ပဒေသာ စတိုးဆိုင်ကြီးမှာ လူနတ် နိဗ္ဗာန် ချမ်းသာသုံးပါး ကုန်ပစ္စည်းများကို ၀ယ်ယူစားသုံးနိုင်ဖို့ အထူးလိုအပ်ပါတယ်...။
✏ မိရိုးဖလာလွန်ဗုဒ္ဓဘာသာစာအုပ်မှ
No comments:
Post a Comment