✨လွတ်လပ်တဲ့သူဖြစ်ချင်ရင် ✨
ကိုယ့်ဘ၀ကို ကိုယ့်လက်ထဲမှာပဲထားပါ ။ ဘာဖြစ်လို့ သူများလက်ထဲမှာ ထားမလဲ..။
ဆုံးဖြတ်စရာရှိရင် ကိုယ့်ဥာဏ်နဲ့ကိုယ် ဆုံးဖြတ်ပါ ။ ဒါမှ သတ္တိ ရှိတဲ့သူ ... ဆုံးဖြတ်ရဲတဲ့သူ ဖြစ်လာမယ် ။
ကိုယ့်ကိစ္စ ကိုယ်ဆုံးဖြတ်မှ ကိုယ့်ဘ၀ကို ကိုယ် တာဝန်ယုတဲ့သူ ဖြစ်မယ် ။ တိုင်ပင်ချင်ရင် သဘာဝကျကျ တွေးတတ် လုပ်တတ်တဲ့ သူနဲ့တိုင်ပင်ပါ ။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ကိုယ့်ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။
ကိုယ့်ဆုံးဖြတ်ချက်မှားရင်လဲ ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူပါ ။
ဒါမှ တစ်နေ့တစ်ခြား ဆုံးဖြတ်ချက် ပိုမှန်လာလိမ့်မယ်။
★ ★ ကိုယ့်ဘ၀နဲ့ ပတ်သက်တာကို သူများကို ဆုံးဖြတ်ခိုင်းတာဟာ ကိုယ့်ဘ၀ကို ကိုယ်တာဝန်မယူတာပဲ ...။ ကိုယ့်ဘ၀ကို ကိုယ် တာဝန်မယူတဲ့သူဟာ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး..။ ★ ★
ဒါကြောင့် ဗေဒင် မေးတဲ့သူ ဗေဒင်ယုံတဲ့သူ ။ ဗေဒင် ဟောတဲ့သူဟာ လွတ်လပ်တဲ့သူ ဘယ်တော့မှ လူကြီးမဖြစ်ဘူး..။
ကိုယ့်ဘ၀နဲ့ ပတ်သက်တာကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပါ ။ ကိုယ့်ဆုံးဖြတ်ချက်.. ကိုယ့်ရွေးချယ်မှု့နဲ့ ကိုယ့်ဘ၀ါကို နေနိုင်မှ စိတ်ဓာတ် ရင့်ကျက်မှု့ဖြစ်တယ် ။ တစ်နေ့တစ်ခြား ဥာဏ်ပညာ ပိုပြီး လေးနက်ရင့်ကျက်လာမယ် ။
📒 ဆရာတော်ဦးဇောတိက
No comments:
Post a Comment