ဘယ်လိုလောကဓံတရားနဲ့တွေ့တွေ့. ကိုယ်က အတ္တအခံရှိနေရင် ဧကန်မုချရှုံးတာပဲ..။
အတ္တလက်နက်က အရှုံးလက်နက်ပဲ..။
ဘယ်တော့မှ နိုင်တဲ့လက်နက် မဟုတ်ဘူး..။
အနတ္တကို တကယ်နှလုံးသွင်းနိုင်ပြီဆိုရင် သေခြင်းတရားကိုတောင်မှ နိုင်သွားတာပဲ..။
အတ္တစွဲကြီးကြီးနဲ့ ကြောက်လန့်ပြီးတော့ .. အားငယ်ပြီးတော့ သေသွားမယ်ဆိုရင် အရှုံးနဲ့သေသွားတာပဲနော်..။
အနတ္တကို ရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ သိသိပြီးတော့ သေသွားမယ်ဆိုရင် သေခြင်းတရားကို အနိုင်ရပြီးသေသွားတာပဲ..။
လောကဓံဆိုတဲ့ ရန်သူကို နိုင်တာဟာ အနတ္တလက်နက်ပဲ..။
ဒါဟာ သူရဲကောင်းတို့ရဲ့ လက်နက်ဖြစ်တယ်..။
သူတော်ကောင်းဟာ သူရဲကောင်းအစစ်ပါ..။
တခြားလူတွေက တကယ်သူရဲကောင်းလို့ ပြောလို့မရဘူး..။
တရားကိုသိတဲ့ သူတော်ကောင်းသာလျှင် တကယ့်သူရဲကောင်း အစစ်ပါ..။..။..။
✏ ဆရာတော်ဦးဇောတိက (မဟာမြိုင်)
No comments:
Post a Comment