လွတ်လွတ်ကျွတ်ကျွတ်စိတ်နဲ့ ကူညီပါ ~~~~~~~`°`°`°`°`°`°~~~~~~~~~~
ကိုယ်က သူများကိစ္စတစ်ခုခုကို လုပ်ပေးတုန်းမှာ ကိုယ့်စိတ်ကို သေသေချာချာ ကြည့်ပါ..။
ဘာတွေမျှော်လင့်နေသလဲ.။
မျှော်လင့်နေရင်တော့ စိတ်ဆင်းရဲရမယ်။
ဘာမှ မမျှော်လင့်ဘူးဆိုရင် လုပ်ပေးနေရတုန်းမှာလည်း စိတ်ချမ်းသာပြီး ... နောက်တော့လဲ စိတ်ပျက်စရာ အကြောင်းမရှိဘူး....။
မျှော်လင့်ချက်နဲ့ ကူညီမိလို့ မျှော်လင့်တဲ့အတိုင်း မဖြစ်လို့ စိတ်ဆိုးရတာ.... စိတ်ပျက်ရတာ ဘယ်လောက်များပြီလဲ....။
ဒီလို စိတ်ဆိုးလို့... စိတ်ပျက်လို့ ဆက်ဆံရေး ပိုဆိုးသွားတာကော ဘယ်နှစ်ကြိမ်လောက်ကြုံဘူးပြီလဲ..... ။
မျှော်လင့်ချက်နဲ့ လုပ်တာတွေဟာ စိတ်ပျက်ရတာမှာ လမ်းဆုံးတာများပါတယ်...။ ဒါကြောင့် တစ်ခုခု ကောင်းတာကို လုပ်တဲ့အခါ လွတ်လွတ်ကျွတ်ကျွတ်စိတ်နဲ့ လုပ်တာကောင်းပါတယ် ။
နောက်ဆက်တွဲ ဘာပဲဖြစ်လာ ဖြစ်လာ စိတ်မပျက်နိုင်တဲ့ သဘောထားမျိုး ဖြစ်အောင် ..... ထားတတ်အောင် ကြိုးစားသင့်တယ်...။
💫ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ)
No comments:
Post a Comment