ဘုရားနှင့်တရားဘယ်ကပိုမြတ်လဲ
မေးသူရှိခဲ့ဖူး၍ ဆရာတော်အရှင်နန္ဒမာလာ ပြန်ဖြေပေးထားတာလေးကို လေ့လာကြပါစို့.....
#အဖြေ....
တရားထက် ဘုရားမြတ်ကြောင်းကိုလဲ ဖွင့်ဆိုရေးသားကြသည်။
ဘုရားထက် တရားမြတ်ကြောင်းကိုလည်း အခိုင်အမာပြုပြီး ဆုံးဖြတ်ကြပါတယ်။
အမြတ်ချည်းဖြစ်၍ ဘယ်သူ့ဘယ်သူကိုမှ သာလွန်ဆုံးဖြတ်ရန် အဖြစ်နိုင်ကြောင်း ၀ိနိစ္ဆယ ချထားချက်လည်းရှိပါတယ်။
ဒါကြောင့် ပညာရှင်များ ကြိုက်နှစ်သက်ရာ ယူနိုင်ပါတယ် ။
( က ) .. ပထမ၀ါဒကိုရှေးဦးစွာ အကျယ်ဖွင့်ဆိုပါမည်။
မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော
သစ္စာနံ စတုရော ပဒါ
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ
ဒွိပဒါနဉ္စ စက္ခုမာ.. ...★ ★ ★ ★ ဟူသော (ဓမ္မပဒ.. မဂ္ဂ၀ဂ်.. ပဉ္စသတ ဘိက္ခ၀တ္ထု )
ပါဠိတော်ဂါထာ၌ "" ဒွိပဒါနဉ္စ စက္ခုမာ "" ပုဒ်၏ အဖွင့် သံဝဏ္ဏနာ၊.. ဓမ္မပဒ အဋ္ဌကထာ.. ဒု ( ၂၅၂ ) စာပါ တွင်.... "" ဒွိပဒါနဉ္စစက္ခုမာတိ သဗ္ဗေသံဒေ၀မနုဿ ဒိဘေဒါနံ ပဉ္စဟိစက္ခု ဟိ စက္ခုမာ တထာဂတောဝ. သေဋ္ဌော ၊
စသဒ္ဒေါ သမ္ပိဏ္ဍနတ္ထော အရူပဓမ္မေ. သမ္ပိဏ္ဍေတိ ၊
တသ္မာ အရူပဓမ္မနမ္ပိ တထာဂတော သေဋ္ဌော ဥတ္တမော.. . ""
ဟူ၍ #၇ုပ်နာမ်တရားအားလုံးထက်ဘုရားမြတ်ကြောင်း သမ္ပိဏ္ဍနတ္ထစ သဒ္ဒါ ဖြင့် ဆည်းယူဖွင့်ပြတော်မူအပ်ပြီ ။
ထိုအဖွင့်ကို နည်းယူအမှီပြု၍ အဘိဓါန် ဋီကာဆရာသည် .. . သဂ္ဂကဏ္ဍ. ပထမဂါထာ အဖွင့် ( ၁၀) နှာပါ၌ ****** ယထာက္ကမံ အဋ္ဌဓမ္မာ သေဋ္ဌော ၊ တတောပိ နိဗ္ဗာန. မေ၀ သေဋ္ဌံ ... တေသံ သဗ္ဗေသမ္ပိဓမ္မာနံ သမ္မာသမ္ဗု ဒ္ဓေါဝ. သေဋ္ဌော ( လ ) စက္ခုမာ ပန သမ္မာသမ္ဗု ဒ္ဓေါ တေသံ သဗ္ဗေသမ္ပိဓမ္မာနံ ဒေ၀မနုဿာ ဒိဘေဒါနံ ဒွိပဒါနဉ္စ ပညတ္တတ္ထာနံ သေဋ္ဌောတိ အယမတ္ထောဝုတ္တော ဘဂ၀တာဟူ၍
#တရားထက်ဘုရားမြတ်ကြောင်း ... အဆိုပြုတော်မူသည် ။
စာတက်အကျော်ဆရာတော်ဦးဗုဓ်ကလည်း.... ......မဟာဇေယျ ဂါထာ ပါဌ်နိသျ ( ၅၅ )ဂါထာအဖွင့်၌..
➳ ➳ ဒွိပဒါနဉ္စ. == အခြေနှစ်ချောင်းရှိသော သတ္တ၀ါတို့ထက်လည်းကောင်း...
ဝုတ္တဓမ္မာနဉ္စ == ဆိုအပ်ပြီးသော တရားတို့ထက်လည်းကောင်း..
စက္ခုမာ == မြတ်စွာဘုရား သည်
သေဋ္ဌော == အထူးသဖြင့်မြတ်၏ဟု
# တရားထက် ဘုရားမြတ်ကြောင်း ထောက်ခံအတည်ပြုပြီး နိသျ ရေးသားတော်မူ၏ ။
ဤပထမ၀ါဒ အဆုံးအဖြတ်၌ အကြောင်းပြမပါသော်လည်း ဘုရားရှင်သည်
ဇနက (ဖြစ်စေတတ်သူ )
တရားတော်သည်...
ဇည..(ဖြစ်စေအပ်သော အရာ )
ဗုဒ္ဓ ရှင်တော်မြတ်သည်..
သာမီ ( ပိုင်ရှင် )
တရားတော်သည်.. သံ (ပစ္စည်းဝတ္ထု )
ဖြစ်သည်ဟု ပရိယာယ်အားဖြင့် ဆိုနိုင်၏ ။
""ဓမ္မရာဇာ ၊ ဓမ္မသာမိ "" ဟူသော ဂုဏ်ပုဒ်များနှင့်လည်း ဆီလျှော်သောကြောင့် ..#တရားထက်တရားပိုင်ရှင်ဘုရားကမြတ်သည်.. ဟု ဆုံးဖြတ်သော ပထမ၀ါဒ သည်လည်း ကောင်းမြတ်သည် သာတည်း ။
( ခ ).. #ဘုရားထက်တရားတော်မြတ်ကြောင်း ဒုတိယအဆို၌...
ဗုဒ္ဓုပ္ပတ္တိပျိုဆရာ.. ရှင်မဟာသီလ၀ံသက ပိုဒ်ရေ ( ၂၂ ).. နှာ.. ( ၁၇၇ ) မှာ
#တရားကဘုရားထက်မြတ်ကြောင်း.. အောက်ပါအတိုင်း စပ်ဆိုခဲ့သည် ။
★ ★ ငါ၏ချစ်သား ရဟန်းများတို့. တရားဟူက. ငါဗုဒ္ဓထက် ဆထက်များစွာ မြတ်လှစွာသည်.. .
ငါသော်ဘုရား ဖြစ်တုံငြားလည်း တရားတော်နှင့်.. ညီစွာကျင့်၍ .. လေးဆင့်သစ္စာ ပွင့်ရာမှန်မြောက် ဂုဏ်တော်ထောက်၏ ။
ရောက်စဘုရား ဖြစ်ငြားကာလ...
သတ္တသတ္တာ စတုတ္ထာ၌ ဓမ္မာတိရေက.. မြတ်လှတုံစွာ ဘိဓမ္မာကို ပြန်ကာစီးဖြန်း ပဋ္ဌာန်းဘိဓမ္မ. ကျမ်းသို့ကျမှ .. နီလပီတ.. ခြောက်ဝထွန်းညီး ရေမီးအစုံ ငါထွက်တုံ၏ ။
ဂုဏ်တော်အနန္တ မြတ်လှကျူးကျော် တရားတော်ကို.... ငါသော်ဗုဒ္ဓ. မြဲပင်ကျင့်ဝတ် ပူဇော်ညွတ်၏ .. .။
ထိုအကြောင်းပြချက်များသည်လည်း .. ကျမ်းဂန်နှင့် ညီညွတ်သည်သာတည်း ။
❦ ❦ မြတ်စွာဘုရားရှင်သည် ..
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း စသည်အားဖြင့် ပါရမီ ( ၁၀ ) ပါး.. စရိယသုံးသွယ် ... စွန့်ခြင်းကြီးငါးပါး.. တရားတို့ကို ဖြည့်ကျင့်ကြိုးကုတ် အားထုတ် မှသာ သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိ၍ဘုရားအဖြစ်သို့. ရောက်တော်မူရ၏ ။
စလင်းဝိနည်းဂဏ္ဍိသစ်ဆရာကလည်း....... ➳ ➳ ➳ ခပ်သိမ်းကုန်သော သမုဒ္ဒရာ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြကုန်သော ဘုရားရှင်တို့သည်လည်း ၀ိပဿ နာတရားကို ပွားများကုန်၍သာ သဗ္ဗညုတ ရွှေဥာဏ်ရှင်ဘုရားအဖြစ်သို့ ရောက်တော်မူကြသည်ဟု သိအပ်ကုန်၏ ။ လောက၌ အထင်အရှား တရားဖြစ်ရသည်ကား ဘုရားဟောတော်မူသော ကြောင့်သာ ဖြစ်ရသတည်း။ ... အဘိဓာန်ဋီကာ၌ကား..........
တေသံ သဗ္ဗေသမ္ပိဓမ္မာနံ သမ္မာသမ္ဗု ဒ္ဓေါဝ. သေဋ္ဌော ၀ုတ္တံ ဟိ ဘဂ၀တာ "" ၀ိရာဂေါ သေဋ္ဌော ဓမ္မာနံ ဒွိပဒါနဉ္စ စက္ခုမာ" တိ...... ဟူသော စကားကို မိန့်အပ်၏။.. ""ဓမ္မညေ၀ သက္ကတွာ ဂရုံကတွာ မာနေတွာ ပူဇောတွော ၀ိဟရေယျံ.. ."" ဟူ၍ ရှိသောကြောင့် #ဘုရားထက်တ၇ားမြတ်သည် ကို ဒွိဟမရှိ မှတ်သိအပ်၏ ။ ...ဟူ၍ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချထားသည်...။
(ဂ ) ..." ဘုရားနှင့်တရား သယ်သူက ဘယ်သူ့ထက် ပိုမြတ်သည်.."" ဟု မဆိုသင့်ကြောင်း တတိယ၀ါဒကို ပြပါဦးမည်.....
.
ဘုရားနှင့်တရား သည် မှီတတ် မှီအပ်တဲ့ အရာဝတ္ထု တွေဖြစ်တဲ့အတွက် မျိုးစေ့ကြောင့် သစ်ပင်ဖြစ်.... သစ်ပင်ကြောင့် မျိုးစေ့ ဖြစ် တိုတဲ့ သဘာဝကိစ္စမျိုး၌ အကြောင်းရှာခြင်းသည် အကျိုးမရှိသကဲ့သို့. ဘုရားနှင့်တရား နှစ်မီုးလဲုး၏ အမြတ်ကို ရှာဖွေခြင်းသည် အကြောင်းမှန်မဟုတ်ပါ။
အဓိပ္ပါယ် ရှိသော ရှာဖွေခြင်းဟု မဆိုထိုက်ပါ .... ထို့ကြောင့် ဘုရားနှင့် တရား နှစ်မျိုးလုံး အတူတူမြတ်ကြောင်းကိုသာ မှတ်သားအပ်ပါတယ်..လို့.... ခုဒ္ဒကပါဌဋီကာ မှာ..
❆ ❆ ❆ နိဿ ယ. နိဿိ တဘာဝတော ဒွိန္နမ္ပိ. ရတနာနံ ၀ိသေသော ကော ဇာနေယျ ဗိဇံ ဟိ ရုက္ခတော ဇာယတိ ၇ုက္ခံ ဗိဇတော ဇာယတီတိ ပရိယေသနဿ ...
ပယောဇနံ နတ္ထိဝိယ.. ဒွိန္နမ္ပိ. ရတနာနံ အတိရေက ပရိယေသနံ အဋ္ဌာနံ အကာရဏံ ... တသ္မာ ပဏီတဘာဝေါ၀. ဒဋ္ဌဗ္ဗော.........။
ဒွါရဂိုဏ်း ဦးစီး အုတိဖိုရ် ဆရာတော်ကြီးကလည်း သ္တုလ၀ိသဇ္ဇနာ စာတမ်းမှာ
***** ဘုရား၌ဖြစ်သော လက္ခဏာတော်ကြီး အစရှိသော လောကီဂုဏ်တို့သည် မဂ်... နိဗ္ဗာန် ( တရား )တို့၌ မရှိ..
ထိုမဂ်နိဗ္ဗာန်တို့၌ ရှိကုန်သော အသာဓာရဏ ဂုဏ်တို့သည်လည်း ဘုရား၌မရှိ....။
ထို့ကြောင့် ဘုရားထက် မဂ်နိဗ္ဗာန် (တရား ) မြတ်၏ဟူ၌၄င်း...
မဂ်နိဗ္ဗာန် တရားထက် ဘုရားမြတ်၏..... ဟူ၍ ၄င်း မဆိုအပ်.. မဆိုထိုက်... ဘုရားအချင်းချင်း အမြတ် အထူးမရှိသကဲ့သို့ မှတ်လေ....""
ဤကား... ဘုရားနှင့်တရားကို ဘယ်သူ့ထက် ... ဘယ်သူကပိုမြတ်သည်ဟု မဆိုသင့်ကြောင်း အဆုံးအဖြတ်များပင်ဖြစ်ပါ၏...။
သို့ဖြစ်၍ ပညာရှင်တို့ ကြိုက်နှစ်သက်သလို မှတ်ယူနိုင်၏။
×××××××++++++++×××××××××
✉ အရှင်နန္ဒမာလာ..( ပထမကျော်.ဓမ္မာစရိယ. ၀ိနယ၀ိဒူ )
No comments:
Post a Comment