စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, July 23, 2015

မိုး( ၄ )မျိုး

❆ နှိုးဆော်တိုက်တွန်းခြင်း ❆

"" မိုးက ၄မျိုးရှိသည် "" ဟု ရှင်တော်မြတ်ဘုရား ဟောကြားထားသည်။
            ( အဂုင်္တ္တိုရ် ပါဠိ တော်စတုတ္ထ )
၁ ။ ချုန်းထစ် ဟိန်းဟောက်ပြီးမှ မရွာသောမိုး ။
၂ ။ သဲသဲမဲမဲ ရွာသော်လည်း မထစ်ချုန်းသောမိုး ။
၃ ။ မချုန်းလည်း မချုန်း မရွာလည်း မရွာသောမိုး ။
၎ ။ ချုန်းလည်း ချုန်း၍ ရွာလည်း ရွာသောမိုးတို့ ဖြစ်ကြ၏ ။
[ချုန်းလျက် မရွာ
ရွာလျက် မချုန်း
မချုန်း မရွာ
ချုန်းရွာ ရွာသား..]

ယခုရွာလာသော မိုးကား နံပါတ် ၄ အမျိုးအစား ဖြစ်၏ ။
ချုန်းလည်းထစ်ချုန်း၏ ။
ရွာလည်း သဲသဲမဲမဲ ရွာ၏ ။    မိုးကုတ်စက်ဝိုင်း အတွင်းမှာ နေရာအနှံ့  စကြ၀ဠာ ဖြန့်၍ အေးစိမ့်ပြန့်သွားအောင် ရွာသောမိုး ဖြစ်သည် ။ 
မိုးကုတ်ဝိပဿနာ ဒေသနာ မိုးကို  ဆိုလိုပါသည် ။ 
မိုးဆိုမှ မိုး... အပူတွေ အကုန်ဝေးဖို့ အေးအောင် စိမ့်အောင် ရွာသည့်မိုး ..။    သို့ဖြစ်၍ ရွာတုန်းရွာခိုက် အခွင့်ကောင်းကြုံ တုန်းမှာ မိုးရေတွေကို ခံယူထားကြပါ..... ဟု  ဆိုလိုသည်..။

နေရဗာန်.. နိရဗာန= နိဗ္ဗာန်နန်း ကို မြန်းလိုကြတဲ့ .."  မလေးမေ " နှင့် တူသော ယောဂီများ အားလုံး ရွှင်ပြုံး လန်းဆန်း အပူမသန်းရအောင် ဖျန်းပက်လို့် ၀၀ချိုးလိုက်ကြ... ရွှဲအောင် ... စိုအောင်.. . စိမ့်အောင် ... ချိုးလိုက်ကြ ..."" ဟူ၍ နှိုးဆော်လိုက်ရပါသည် ။

📖တစ်ဘ၀သာသနာ အရှင်ဃောသိတ

No comments:

Post a Comment