စိတ်ပိုင်းဆိုင်ရာပြည့်စုံမှုနှင့်
ကိုယ်ကျင့်သိက္ခာ
==================
==================
ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု သက်သက်ဖြင့် လောကသည် မငြိမ်းချမ်းနိုင်သလို
စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှု သက်သက်ဖြင့်လည်း လောကသည် မငြိမ်းချမ်းနိုင်ပါချေ။
***အမှန်အားဖြင့် ရုပ်ပိုင်း
ဆိုင်ရာပြည့်စုံမှုသက်သက်
သည်လည်း အစွန်းတစ်ဖက်
ဖြစ်၏။
ယင်းအစွန်းကား "မာနစွန်း"
ဖြစ်၏။
***စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှု သက်သက်သည်လည်းအစွန်းတစ်ဖက်ဖြစ်၏။
ယင်းအစွန်းကား"ဒိဋ္ဌိအစွန်း"
ဖြစ်၏..။
==================
ထိုအစွန်းနှစ်ဖက်မှ လွတ်
မြောက်အောင် ကျင့်ကြံ
ဆောင်ရွက်ပေးနိုင်မှသာ လောကသည် ငြိမ်းချမ်းသာယာပေလိမ့်မည်။
အစွန်းနှစ်ဖက်မှ လွတ်မြောက်အောင် ကျင့်ကြံဆောင်ရွက်ပေးနိုင်ခြင်းဟူသည်မှာ
"မဇ္ဈိမ ပဋိပဒါ"ကျအောင်
ကျင့်ကြံဆောင်ရွက်ပေးခြင်း
ဖြစ်၏။
ထို့ ကြောင့် လောကငြိမ်းချမ်း
သာယာရေးအတွက် မဇ္ဈိမ ပဋိပဒါကျအောင် ဆောင်ရွက်ပေးမည်ဆိုပါလျှင် ကိုယ်ကျင့်
သိက္ခာမြင့်မားအောင် ကျင့်ကြံ ဆောင်ရွက်ပေးခြင်းသာ
ဖြစ်၏။...။.....။
No comments:
Post a Comment