စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, July 5, 2015

ဇွဲလုံ့လကြီးမားရမည်​..

ဝိပဿနာတရားအားထုတ်​သူသည်​....

🐝🐝 ဇွဲ လုံ့လ ကြီးမားရမည်​..🐝🐝

       မြတ်​စွာဘုရားက မာနတံခွန်​ ထူ​နေသဖြင့်​ တရားထူးမရနိုင်​ဘဲ ဖြစ်​​နေ​သော ​ပေါဌိလမ​ထေရ်​၏ ကျင့်​ထုံးကို နှလုံးမူကာ ချိုးနှိမ်​ကြရန်​ ​ဟောကြားရာ၌ နိဒါနဝဂ္ဂသံယုတ်​ ပါဠိ​တော်​တွင်​ ....
*** ရဟန်းတို့... အလုံးစုံ​သော ဆင်းရဲမှု့တို့မှ ကျွတ်​လွတ်​ရာဖြစ်​​သော နိ​ဗ္ဗာန်​ကို ​လျော့ရဲစွာ အားထုတ်​၍ မသိနိုင်​... မ​ရောက်​နိုင်​​ပေ.. ။ 
ဤနိ​ဗ္ဗာန်​ကို အနည်းငယ်​​သော စွမ်းအားဖြင့်​ မသိနိုင်​..။     မ​ရောက်​နိုင်​​ပေ..။

    ကြီးကျယ်​​သော စွမ်းအားဖြင့်​ တင်းတင်းကြီး အားထုတ်​ပါမှ သိနိုင်​.. ​ရောက်​နိုငိသည်​... ***** ဟု ​ဟောကြား​တော်​မူသည်​..။

   မိုးကုတ်​ဆရာ​တော်​ဘုရားကြီးကလည်း...
*** ဝါးနှစ်​လုံးကို ပိုင်းယူပြီး မီးထွက်​​အောင်​ ပွတ်​တိုက်​ယူရသကဲ့သို့ သာမန်​မျှ​သော ဝီရိယဖြင့်​ မရနိုင်​..။
                            မီးပွတ်​သမား ​ယောက်ျား၏ လုံ့လမျိုးဖြင့်​ မဆုတ်​မနစ်​ ကြိုးစားရန်​ လိုအပ်​​ကြောင်း ​ဟော​တော်​မူခဲ့သည်​..။

No comments:

Post a Comment