What is beauty?
အလှတရားဆိုတာဘာလဲ..
Beauty is the experience that gives us a sense of joy and a sense of peace simultaneously.
အလှတရားဆိုတာ ကိုယ့်စိတ်ကို ရွှင်လန်းမှု့နဲ့ ငြိမ်းချမ်းမှု့ဆိုတဲ့ ခံစားမှု နှစ်မျိုးကို တစ်ပြိုင်နက် ပေးနိုင်တဲ့ အတွေ့အကြုံပါ..။
စိတ်ကိုပူလောင်စေတယ်.. ဆင်းရဲစေတယ်ဆိုရင် အဲ့ဒါဟာ အလှတရားမဟုတ်ဘူး..။ အဲ့ဒါကြောင့် တစ်ခုခုကိုမြင်လိုက်လို့ စိတ်ဆင်းရဲသွားတယ်ဆိုရင် ကိုယ်မြင်ရတဲ့အရာဟာ အလှတရားမဟုတ်ဘူးလို့ မှတ်ပါ..။
Beauty is serene and at the same time exhilarating; it increases ones sense of being alive.
အလှတရားဟာ ငြိမ်သက်အေးချမ်းမှု့ရှိတယ်.. တစိချိန်ထဲမှာပဲ စိတ်ကိုရွှင်လန်းစေတယ်.. ရွှင်မြူးစေတယ်.. ပြီးတော့အသက်ရှင်နေတယ် ဆိုတဲ့ ခံစားမှုကိုလည်း ပိုပြီးအားကောင်းစေတယ် ။
လှတာကိုခံစားနေရတဲ့အခါ ပိုပြီးအသက်ဝင်နေတယ်..။
အထူးသဖြင့် တရားအလှကို ခံစားနေရတဲ့အခါမှာ အသက်ဝင်နေတယ်..။
အားပြည့်နေတယ်..။ အလှတရားကို တစ်ကယ်ခံစားနေရတဲ့ အချိန်မှာ အတွေးတွေ ရပ်သွားတယ်.. ...အဲ့ဒါကြောင့် အလှတရားဟာ အချိန်ကာလကို လွန်မြောက်နေတဲ့ တရားလို့လဲ ပြောကြတယ်..။ အမှန်တရားကို သိတဲ့အချိန်မှာ အတွေးမရှိဘူး.. အမှန်တရားကို သိနေတဲ့အခ်ျိန် မှာ အတိတ်..အနာဂတ် ပစ္စုန်ပ္ပန် အကြောင်း တွေးနေတာ မရှိတော့ဘူး..
ဒါကြောင့် အမှန်တရားဟာ အချိန်ကာလကို လွန်မြောက်သွားတဲ့ အရာဖြစ်တယ်...
✏ ဆရာတော်အရှင်ဦးဇောတိက..
No comments:
Post a Comment