** ပဓာနစကားကြီးသုံးခွန်းတရားတော်**
(၁) သစ်ပင်. ခြုံ. မြက်. သရက်. ပိန္နဲ စသည်တို့မှာ မျိုးစေ့ရှိမှ ဖြစ်နိုင်သည်..။
(၂ ) လူတို့၏ ချမ်းသာစီးပွား ပစ္စည်းဥစ္စာ တို့မှာ ရှေးကုသိုလ်ကံတို့မှ ရနိုင်သည်..။
( ၃ ) လူတို့၏ ယခုဘဝ ယခုသန္တန်တွင် မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ရရေးမှာ ရှေးပါရမီရှိမှ ရနိုင်ကြသည်..။
အထက်ပါစကားကြီး သုံးခွန်းနှင့်ပတ်သက်၍ သစ်ပင် ခြုံပင်ပေါက်ရန် မျိုးစေ့သည် ပဓာန ဖြစ်သော်လည်း ... ထိုမျိုးစေ့ရှိယုံဖြင့် မလုံလောက်ဘဲ နေ.. ရေ.. မြေ. လယ်လုပ်သူ၏ ဝီရိယ စသည်တို့ လိုသေးသည်..။
လူတို့စီးပွား.. ပစ္စည်း.. ဥစ္စာ ချမ်းသာရေး၌ ရှေးကုသိုလ်ကံသည် ပဓာနဖြစ်သော်လည်း မိဘ ဆရာသမားတို့၏ အဆုံးအမ .. လူတို့၏ ဝီရိယ စသည်တို့ လိုအပ်သေးသည်...။
ထို့နောက် ယခုဘဝ မဂ် ဖိုလ် ရရေး.. နိဗ္ဗာန်ရရေးမှာ #ရှေးပါရမီဟောင်း သည် ပဓာန ဖြစ်သော်လည်း လူတို့၏ လက်ငင်းဘဝ၌ ဥပဇ္ဈာယ်ဆရာကောင်း ... လူတို့၏ ဝီရိယ စသည်တို့ လိုအပ်ကြောင်း ရှင်လင်းသောကြားခဲ့သည်..။
လယ်တီဆရာတော်ဘုရားကြီးကပင်..
အချို့သော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ယခုလက်ငင်း ရရှိထားတဲ့ ဘဝကို တန်ဖိုးမထားဘဲ နောင်ပွင့်လတ္တံ့  သော အရိမေတ္တေယျမြတ်စွာဘုရား လက်ထက်၌သာ ကျွတ်တမ်းဝင်လိုသော ဆန္ဒ ရှိကြသည်..။
ဤသို့သော ပုဂ္ဂိုလ်တို့အတွက် နောင်အရိမေတ္တေယျ ဘုရား သာသနာမှာ ရပါလိမ့်မည်ဟု ထင်တတ်ကြသည်..။
သာသနာကြီးနှင့် တွေ့ကြုံပါလျှင် ထင်ကြတိုင်းပင် ပါနိုင်ကြပါ၏..။
⭐⭐
သာသနာတော်ကြီး နှစ်ပါး၏ အကြား၍က သာသနာပ ဘဝ ကန္တာရ ခရီး အမိုက်နယ်ကြီးမှာ အမှောက်အမှားကြီး ဘယ်ရွှေ့ ဘယ်မျှ တွေ့ကြုံရလိမ့်မည် မသိ..။ သတိမူကြလေကုန်...... ဟူ၍ လယ်တီဆရာတော်ဘုရားကြီး၏ နိယာမဒီပနီကျမ်းတွင်ဖော်ပြထားသည်..။
➳ ➳ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီးတွင် သုဘဒ်ရဟန်းအား... """ ငါဘုရား သာသနာတော်တွင် ငါ ညွှန်ကြားပြသခဲ့သော ဝိပဿနာ တရားကို ကောင်းစွာကျင့်ကြံ အားထုတ်ပါက ဤလောက၌ ရဟန္တာပုဂ္ဂိုလ်ထူးများ မဆိတ်သုန်းနိုင်သေး.. """" ဟု ဟောတော်မူခဲ့သည်..။
🌹🌹 ဝိပဿနာတရားကို ကျင့်ကြံအားထုတ်နိုင်ပါက ဤဘုရား သာသနာတွင်ပင် သောတာပန်.. သဂဒါဂါမ်.. အနာဂါမ်များနှင့် ရဟန္တာများလည်း ဖြစ်နိုင်သေးကြောင်း.. ( ဝါ ) မဆိတ်သုန်းနိုင်သေးကြောင်း ယုံကြည်စွာ လက်ခံပြီး ကျင့်ကြံအားထုတ်ရန် တိုက်တွန်းလိုပါသည်..။
✉ ဘိုမင်းဖြူ
( ဥပဒေ )
ပြန်လည်တင်ပြပါရစေ။ Credit ပေးထားပါတယ်ခင်ဗျား
ReplyDelete