စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, July 17, 2015

လေ့လာထားသင့်​သော​ပဋိစ္စသမုပ္ပါဒ်​တရား

ခန္ဓာရှိသူတိုင်း လေ့လာသင့်သော သိထားသင့်သော....

ပဋိစ္စသမုပ္ပါဒ်တရား
_/|\_*_/|\_*_/|\_
***ယော ပဋိစ္စသမုပ္ပါဒံ ပဿ         တိ ၊ဿ
***သော  ဓမ္မံ ပဿ         တိဿ          ..

ယော...အကြင်ပုဂ္ဂိုလ်သည်

ပဋိစ္စသမုပ္ပါဒံ... ခန္ဓာဖြစ်ကြောင်း ခန္ဓာဖြစ်ကျိုးဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို..

ပဿ         တိ.. သိမြင်၏ ။

သော..ထိုပုဂ္ဂိုလ်သည်

ဓမ္မံ.. တရားကို

ပဿ         တိ..သိ၏.. မြင်၏ ။

ပဋိစ္စသမုပ္ပါဒ်ကို နားလည်တဲ့ ပုဂ္ဂိုလ်ဆိုရင် သစ္စာသိမယ် ။
သစ္စာကိုသိချင်ရင် ပဋိစ္စသမုပ္ပါဒ်ကို လေ့လာပါ။

ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ မြန်မာလို #အကြောင်းနဲ့အကျိုး

အကြောင်းက ခန္ဓာဖြစ်ကြောင်း
#အကျိုးကခန္ဓာဖြစ်ကျိုး..

ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ ခန္ဓာဖြစ်ကြောင်းနဲ့ ခန္ဓာဖြစ်ကျိုး ကိုပြတဲ့ တရားဖြစ်တယ် ။

ဤခန္ဓာ၏ အကြောင်းနဲ့အကျိုးကိုသိသောသူသည် သစ္စာ ကိုသိသော သူဖြစ်သည် ။

ဤသစ္စာတရားသည် လူတိုင်းသိထားရန် လိုအပ်လှပေသည်။

ခန္ဓာရှိသူတိုင်း အကြောင်းနဲ့အကျိုး ကိုပြသော သစ္စာ တရားကိုရှာဖွေသင့်လှပေသည် ။

              ✏ ဓမ္မရံသီဆ၇ာတော် ဘဒ္ဒန္တသုနန္ဒ

No comments:

Post a Comment