လာဘဗုဒ္ဓဘာသာဟူသည်.. .......
သစ္စာမသိတော့ အခုလို လှူရတဲ့အတွက် ဘုံဘ၀ရပါစေလို့ ဆုမတောင်းဘူးလား??
"" တောင်းပါတယ်ဘုရား...""
မလိုချင်လို့လား.. လိုချင်လို့လား...??
"" လိုချင်လို့ပါဘုရား..""
လိုချင်တာကဘယ်သူလဲ..??
""တဏှာပါဘုရား..""
ကုသိုလ်ကောင်းမှု့ လုပ်တော့ ၀မ်းထဲမှာ ဘယ်သူနဲ့ ဘယ်သူ ကိန်းတာလဲ...??
""အ၀ိဇ္ဇာနဲ့ တဏှာ ပါဘုရား..""
ကိန်းတယ်.. မကိန်းဘူးဆိုတာ ကိုယ်လုပ်တာ.. ကိုယ့်ဟာကိုယ် အကဲခတ်...။
ကိုယ့်ဟာကိုယ် ကုသိုလ် ကောင်းမှု့ပြုပြီးတော့မှ ဟိုဘုံ.. ဒီဘ၀ ရပါရစေ... ပစ္စုန်ပ္ပန် လဲ စီးပွားရေးတတ်ပါစေ.. လာဘ်လာဘ ပေါပါရစေ.... လုပ်နေတာတွေ မရှိဘူးလား..??
""ရှိပါတယ် ဘုရား..""
အဲ့ဒီလို ဗုဒ္ဓဘာသာမျိုးကို မြတ်စွာဘုရား က လာဘဗုဒ္ဓဘာသာတဲ့...။
လာဘဆိုတာ လာဘ်လာဘလိုချင်တာ ။
ဒီဘ၀စီးပွားရေးလေး တက်မလားဆိုပြီး တော့မှ ဘုရားကိုးကွယ်တာတောင်မှ ရွေးကိုးကွယ်တာ....။
""..ဪ.. ငါ အသေလွတ်ရာလမ်းကို ပြတတ်လို့. ဘုရားကိုးကွယ်ပါ၏ .."" ဆိုတဲ့ ဗုဒ္ဓဘာသာက တစ်သောင်းမှာ တစ်ယောက်ရှိဖို့ ခဲယဉ်းတယ်..။
ဘယ်လို ဗုဒ္ဓဘာသာမျိုးတွေ များသလဲ ။
ဟေး... ဒါ လာဘမုနိ အဲ့ဒီဘုရားကို ကိုးကွယ်ရင် လာဘ်ပေါသတဲ့...။
အမလေး.. ငါ့ကို မင်းတို့ကိုးကွယ်ရင် လာဘ်ပေါမယ်လို့. ရှင်တုန်းကလဲ မပြောခဲ့ဘူး..။ ပရိနိဗ္ဗာန်စံခါနီးလည်း မပြောခဲ့ဘူး..။ ပိဋကတ်သုံးပုံ လိုက်လော့လာကြည့်...။ .... ဘုရားကိုနာမည် မဖျက်နဲ့..။
လာဘမုနိဖန်ပေါင်းချောင်ကို ကိုးကွယ်လို့ လာဘ်ပေါမယ်ဆိုရင်.. တို့ဘုရားကို မကိုးကွယ်တဲ့.. ခရစ်ယာန်တွေ.. အစ္စလာမ်တွေ ဘာဖြစ်လို့. စီးပွားရေးဖြစ်နေရတာလဲ...
စဉ်းစားကြ... စဉ်းစားကြ.. အိမ်ပေါ်မှာတင်ရှုပ်ယှက်ခတ်နေတာပဲ..။
ဆင်ခံတွေရော.... မြင်းခံတွေရော ... ဘာအဓိပ္ပါယ်နဲ့. လုပ်ထားတာလဲ..။
ဂိုဏ်းဆရာတွေရဲ့. အလိမ်ကို အကုန်ခံနေရတာ.. .. ဘာသာရေးစားဖား.. အလိမ်တွေ အကုန်လုံးမိနေတာ..။
ဒါဟာ လာဘဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်...။
💫💫💫💫💫💫💫
📓ဆရာတော်အရှင် ဘဒ္ဒန္တ သုနန္ဒ
No comments:
Post a Comment