မြင့်မြတ်မှုနှင့် မမြင့်မြတ်မှုတို့ ၏ ခြားနားချက်
=======================
ပုဂ္ဂိုလ်အခြေတည်၍ဆိုရလျှင် မည်သည့်ပုဂ္ဂိုလ်ကပင် လုပ်ငန်းကိုလုပ်လုပ် ကိုယ်ဖြင့်လုပ်လျှင်
ကာယကံလုပ်ငန်းချည်းပဲဖြစ်၏။
ဘာမျှခြားနားချက်မရှိ။
နှုတ်ဖြင့်လုပ်လျှင်ဝစီကံလုပ်ငန်းချည်းသာ
ဖြစ်၏။ဘာမျှခြားနားချက်မရှိ။
စိတ်ဖြင့်လုပ်လျှင်မနောကံလုပ်ငန်းချည်းဖြစ်၏။ဘာမျှခြားနားချက်မရှိ။
ကောင်းမှုကိုလုပ်လျှင်လည်း ကုသိုလ်ကံလုပ်ငန်းချည်းဖြစ်၏။
ဘာမျှခြားနားချက်မရှိ။
ထို့ ကြောင့်လုပ်ငန်းအပေါ်အခြေတည်၍မြင့်
မြတ်မှုနှင့် မမြင့်မြတ်မှုတို့ ကိုခွဲခြားသတ်မှတ်
ရန်မဖြစ်နိုင်ခြင်းဖြစ်၏။
ဤသဘာဝကိုရည်၍မြတ်စွာဘုရား ကလည်း"စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ" ဟုဟောတော်မူခြင်းဖြစ်၏။
ဤဒေသနာတော်အရမြင့်မြတ်မှုနှင့် မမြင့်မြတ်မှု့ကို လုပ်ငန်းအပေါ်အခြေတည်၍ ခွဲခြားရမည်မဟုတ်။
စေတနာအပေါ်အခြေတည်၍ခွဲခြားရမည်ဟု နားလည်ရ၏။
×××××××××××"""""×××××××××××
မြင့်မြတ်မှုနှင့်မမြင့်မြတ်မှုတို့ ၏ခြားနားချက်(၂)
=============================
ကာယကံလုပ်ငန်းပဲဖြစ်ဖြစ် ဝစီကံလုပ်ငန်းပဲဖြစ်ဖြစ် မနောကံလုပ်ငန်းပဲဖြစ်ဖြစ်ကုသိုလ်လုပ်ငန်း
ပဲဖြစ်ဖြစ် အကုသိုလ်လုပ်ငန်းပဲဖြစ်ဖြစ် လူ
သားတို့ ၏ အကျိုးစီးပွားအတွက် မိမိ၏ဘဝကိုစတေးပြီး လုပ်ဆောင်ပါက ထိုလုပ်ငန်းသည်မြင့်မြတ်မှုမည်၏။
ပါရမီမည်၏။
ပါရမီသဘောဟူသည်မှာ မိမိအတွက်တစ်စုံတစ်ရာသော အကျိုးစီပွားကိုမျှော်ကိုးခြင်းမရှိဘဲ
စွန်လွတ်ခြင်း သို့ မဟုတ် စတေးခြင်း သက်သက်သာဖြစ်၏။
စွန့် လွှတ်ခြင်း သို့ မဟုတ် စတေးခြင်းဟူသည်မှာအတ္တကိုပယ်သတ်ခြင်းဖြစ်၏။
အတ္တပယ်သတ်ခြင်းဟူသည်မှာလည်း တဏှာကိုသတ်ခြင်း မာနကိုသတ်ခြင်း ဒိဋ္ဌိကိုသတ်ခြင်းပင်ဖြစ်၏။
မြင့်မြတ်မှုနှင့်မမြင့်မြတ်မှုတို့ ၏ခြားနားချက်(၃)
===============================
ထို့ ကြောင့် အတ္တသေသဖြင့်ရရှိသောအကျိုးသည် အတ္တကြောင့်ရရှိသောအကျိုးထက် များ
စွာမြင့်မား၏။
ရတနာသုံးပါး၌ ငွေကျပ်တစ်သိန်းတန်စီ အ
ဆောက်အအုံများကိုသဒ္ဓါတရား ထက်သန်စွာလှူဒါန်းကြသူနှစ်ယောက်တို့ တွင် ငွေကျပ်ကုန်ကျခြင်းလည်းတူု၏။
သဒ္ဓါတရားထက်သန်ခြင်းလည်းတူ၏။
အလှူဝတ္ထုအဖြစ်အဆောက်အအုံခြင်းလည်းတူ၏။
သို့ ရာတွင် နှလုံးသွင်းခြင်း မတူ ဦးတည်ချက်ခြင်းမတူ။
ဒါယိကာမတစ်ဦးက သံသရာချမ်းသာသို့  ဦး
တည်၏။
သံသရာချမ်းသာသို့ ဦးတည်ခြင်းကို ဝဋသိသဟူ၍ဆို၏။
××××××××======××××××××
မြင့်မြတ်မှုနှင့်မမြင့်မြတ်မှုတို ၏ခြားနားချက်(၄)
====================
အခြားဒါယိကာမတစ်ဦးက သံသရာမှ ထွက်
မြောက်ဖို့ ရာ နိဗ္ဗာန်ချမ်းသာသို့  ဦးတည်၏။
သံသရာမှ ထွက်မြောက်ရာ နိဗ္ဗာန်ချမ်းသာသို့ ဦး
တည်ခြင်းကို ဝိဝဋသီလဟူ၍ ဆို၏။
ဤနေရာတွင်လုပ်ငန်းချင်းကားတူ၏။
ဦးတည်ချက်ခြင်းကားမတူ။
ထို့ ကြောင့် စေတနာချင်းမတူဟူ၍ဆိုရ၏။
စေတနာချင်းမတူလျှင် ကံချင်းမတူဟူ၍ဆိုရ၏။
သံသရာချမ်းသာသို့  ဦးတည်သော လုပ်ငန်းဟူသမျှ၌ လုပ်ငန်းကိုလုပ်သူသည် အရာရာတိုင်း၌ "ငါ"ကိုသာမြင်၏။
ရတနာသုံးပါး၌ပင် "ငါ၏အရိပ်"ကို မြင်ရ၏။
လောက၌လည်း "ငါ၏အရိပ်"ကိုမြင်ရ၏။
"ငါ၏အရိပ်"ကို မြင်ရခြင်းဟူသည်မှာ ငါ့အတွက်
ကျေးဇူး ရှိ မရှိကို မြင်ခြင်းဖြစ်၏။
အကယ်၍ ငါ့အတွက် ကျေးဇူးမရှိဘူးဟူ၍ ထင်လျှင် ကျေးဇူးရှိမည်ဟူ၍ ထင်ရသောအရာများကိုရွေးချယ်စိစစ်၏။
အလှုခံပုဂ္ဂိုလ်များကိုလည်း ရွေးတတ်၏။
လောကကိုလည်းရွေးတတ်၏။
အလှုဝတ္ထုကိုလည်းရွေးတတ်၏။
အရာရာတိုင်းကိုရွေးတတ်၏။
ထိုသို့ ရွေးခြင်းမှာသူ့ အတွက်အကျိုးရှိသည်
ထက်ရှိအောင် လုပ်ဆောင်နိုင်ရည်ရွယ်၍ ရွေးခြင်းဖြစ်၏။
သို့ ရာတွင် သူရွေးချယ်သခြင့် ရရှိသောအကျိုးကားအဝိဇ္ဇာမျက်စိဖြင့်
မြင်ရခြင်းဖြစ်ပြီး ဝိဇ္ဇာမျက်စိဖြင့် မြင်
ရခြင်းမဟုတ်ပါချေ။...။....။
××××××××======×××××××××
No comments:
Post a Comment