စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 7, 2015

သမ္ပတ္တိစက်​ (၄)ချက်​ပြည့်​စုံပါမှ

** သမ္ပတ္တိစက်..၄ချက်ပြည့်စုံဖို့.  **

      "" ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ထွန်းတောက်ကြီးပွားတယ် "" ဆိုတာ အကြောင်းမဲ့ ကြီးပွားလာသည်မဟုတ်။  အကြောင်း အထောက်အပံ့ အမှီသဟဲဟုခေါ်ရသည့်..." သမ္မတ္တိစက်လေးပါး " ပြည့်စုံ၍သာ ကြီးပွားလာခြင်းဖြစ်သည် ။
၁..   အတ္တသမ္မာပဏီဓိစက်
၂..   ပဋိရူပဒေသဝါသစက်
၃..   သပ္ပု ရိသူပနိဿ         ယစက်.
၎..   သဒ္ဓမ္မဿ        ဝနစက်..     ဟူ၍ "" သမ္မတ္တိစက်လေးပါး "" ရှိကြောင်း ကျမ်းဂန်တို့၌ မိန့်ဆော်တော်မူကြ၏..။ စက်ကဲ့သို့ ( စက်ယန္တရား၏ ဘီးကဲ့သို့ ) လည်ပတ်နေသည် ။
အကြောင်းကြောင့် + အကျိုးဖြစ်
အကျိုးကြောင့် + အကြောင်းဖြစ်  ... ဆက်စပ်လည်ပတ်နေသောကြောင့် ဤ လေးပါးကို  ""စက် ""ဟု ခေါ်ထားသည်။
ဤလေးချက်ပြည့်စုံဖို့ အရေးကြီး၏..
သဘောများမှာကား.....
၁.. အတ္တသမ္မာပဏီဓိ... မိမိစိတ်ကိုကောင်းစွာ ထားခြင်း.. ၊ စိတ်ကောင်း နှလုံးကောင်း ဖြောင့်ဖြောင့်ထားခြင်း..။

၂..  ပဋိရူပဒေသဝါသ...  သင့်တော်ရာအမိဝမ်း.. သင့်တော်ရာ အရပ်၌ ဖြစ်ခွင့် နေခွင့်ရခြင်း..

၃...   သပ္ပု ရိသူပနိဿ         ယ ...     သူတော်ကောင်း..( ဆရာသမားကောင်း  ) တို့ကို မှီခိုခွင့်ရခြင်း  ။

၎..   သဒ္ဓမ္မဿ         ဝန... သူတော်ကောင်းစကား..၊ သူတော်ကောင်းတို့၏ အဆုံးအမကို ကြားနာခံယူရခြင်းတို့ဖြစ်သည်

No comments:

Post a Comment