စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 28, 2015

မျက်​စိ( ၃)မျိုး

"မျက်စိ (သုံး) မျိုး"
===========
၁။ ပပဉ္စမျက်စိ (တဏှာ|မာန|ဒိဋ္ဌိ)
၂။ ဗြဟ္မစိုရ်မျက်စိ (မေတ္တာ|ကဂုဏါ|မုဒိတာ|ဥပေက္ခါ)
၃။ဥာဏ်မျက်စိ (သစ္စာလေးပါးသိသောဥာဏ်)

၁။ ပပဉ္စမျက်စိ 
==========
လူကိုကြည့်သောအခါ(မြင်သောအခါ) လူကို လူဟုမမြင်ဘဲ  တရုတ်ဟူ၍လည်းကောင်း 
ကုလားဟူ၍လည်းကောင်း  သူဌေးဟူ၍လည်းကောင်း  ဆင်းရဲသားဟူ၍လည်းကောင်း အစသဖြင့် မြင်တတ်သော မျက်စိဖြစ်၏။

ယင်းမျက်စိသည် ကြည့်သောသူ မိမိအား ချစ်ခြင်း​ကိုဖြစ်စေ....
  မုန်းခြင်းကိုဖြစ်စေ ဖြစ်ပေါ်စေနိုင်၏။

ယင်းမျက်စိသည် တဏှာနှင့် ဒေါသကိုဖြစ်စေ၏။

၂။ ဗြဟ္မစိုရ် မျက်စိ
    ==========
ဗြဟ္မစိုရ်မျက်စိဆိုသည်မှာအကြောင်းရာ တစ်ခုဂုဏ်ဝိသေသနတို့ကိုကျော်၍
မြင်တတ်သော ဥာဏ်ပင်ဖြစ်၏။

  လူကိုကြည့်သောအခါ(မြင်သောအခါ) လူအဖြစ်သာမြင်၏။
တရုတ်ဟူ၍လည်းမမြင်ကုလားဟူ၍လည်း မမြင်.. ဆင်းရဲသား  သူဌေးသား ဟူ၍လည်းမမြင်.. လူကို လူအဖြစ်သာမြင်၏။

ဤအမြင်မျိုးဖြင့်ကြည့်လျှင်မည်သည့် လူကိုဖြစ်စေ အရာဝတ္တုကိုဖြစ်စေ တွေ့ရ ကြုံရစေကာမူ တဏှာမဖြစ်  ဒေါသမဖြစ်ပဲ ကြည့်သူကိုမေတ္တာဓာတ် ရှိစေသည်။

ကရုဏါကိုလည်းဖြစ်စေ၏။
မုဒိတာလည်းဖြစ်စေ၏။
ဥပေက္ခာကိုလည်းဖြစ်စေ၏။

၃။ ဥာဏ်မျက်စိ (သစ္စာ ဥာဏ်)
   ==================
သစ္စာဥာဏ်(ယထာဘူတဥာဏ်)ဖြင့် လောကကိုကြည့် သောအခါ ရုပ်နှင့်နာမ် နှစ်ပါးသာရှိကြောင်း ထိုရုပ်နာမ် ၂ပါးတို့သည်လည်း ခဏတိုင်း ခဏတိုင်း ဖြစ်  ပျက် နေကြကြောင်း အရှိကို အရှိတိုင်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ပြီး ထိုရုပ်နာမ်တို့၏ ဖြစ်ပျက်ပေါ်၌ တပ်မက်မှုမရှိတော့ဘဲငြီးငွေ့ကာ လွတ်မြောက်ရာကို ရှာကြမည့် ဥာဏ်မျိုးကိုသာဆို၏။ 

ထိုသူ့ထံ၌ တဏှာမရှိတော့လျှင် ကိလေသာ ခေါင်းပါး၍ ကုန်ဆုံးခဲ့လျှင် ထိုသစ္စာဥာဏ်၏အထွတ်အထိပ်ဖြစ်သော အရမာတမဂ်ဥာဏ်ကို ရယူကာ နိဗ္ဗာန်သို့ ရောက်ရှိ၍ သုခချမ်းသာစစ်စစ်ကို ခံစားရပေမည်။

1 comment:

  1. ရှယ်ပြီး Credit ပေးကာ ပြန်လည်ဖေါ်ပြပါရစေ ခင်ဗျား။

    ReplyDelete