စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 4, 2015

ပြုံးပြုံးက​လေးနှင့်​ ​သေနိုင်​​အောင်​..

   ပြုံးပြုံးက​လေးနှင့်​​သေနိုင်​​အောင်
  ××××××××××"""""""""××××××××

      နာထ တရား(၁၀ )ပါးလုံးနှင့်​ပြည့်​စုံ​အောင်​ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အပတ်​တကုတ်​ ကျင့်​ကြံကြိုးကုတ်​ ပွားများအားထုတ်​နိုင်​သဖြင့်​ ​အောက်​ထစ်​ဆုံးအားဖြင့်​ ယုံမှားမှု့ ဝိစိကိစ္ဆာတရားကို အကြွင်းမဲ့ ပယ်​ရှားနိုင်​သည့်​ ​သောတာပတ္တိမဂ်​ဥာဏ်​ ဖိုဥာဏ်​ သို့ တိုင်​​အောင်​ ထို့ထက်​အလွန်​ ကျင့်​နိုင်​သဖြင့်​ ...
သကဒါဂါမိမဂ်​ဥာဏ်​ ဖိုဥာဏ်​..  အနာဂါမိမဂ်​ဥာဏ်​ ဖိုဥာဏ်​ သို့တိုင်​ ဆိုက်​​ရောက်​ပြီးသူတို့ကား ... ရတနာသုံးတန်​.. ကံ ကံ၏အကျိုးတရား စသည်​တို့အ​ပေါ်၌  လုံးဝ သံသယမရှိဘဲ ​သေခါနီးကာလဝယ်​   ပြုံးပြုံးက​လေးနှင့်​ ဘဝကို အဆုံးသတ်​နိုင်​သူတို့ ဖြစ်​ကြ၏..။

   မိမိကိုယ်​ကို မိမိ ချစ်​မြတ်​နိုးသူတိုင်း  သနားကြင်​နာသူတိုင်းသည်​ ဤကဲ့သို့.  #ပြုံးပြုံးက​လေးနှင့်​​သေနိုင်​​အောင်​ စွမ်း​ဆောင်​​ပေးနိုင်​သည့်​   စွမ်းအင်​ အပြည့်​အဝရှိ​သော  နာထတရား(၁၀ ) ပါး တို့ကို မအိုမီ မနာမီ မ​သေမီ ( အချိန်​မီ )
မိမိသန္တာန်​၌   ပြည့်​စုံလာ​အောင်​ ကြိုးစားအားထုတ်​ထားသင့်​​ပေသည်​..။ 

         (နိဒါနကထာ..နှာ. ဎ)

No comments:

Post a Comment