စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 4, 2015

မိတ်​​ဆွေ​ကောင်းပီသဖို့..

If you want an accounting of your worth, count your friends.
    ကိုယ် ဘယ်လောက် တန်ဖိုးရှိတဲ့ သူလဲဆိုတာ သိချင်ရင် ကိုယ့်မှာ မိတ်ဆွေကောင်း ဘယ်နှယောက်ရှိလဲဆိုတာ ရေတွက်ကြည့်ပါ..။
     ကိုယ့်အပေါ်မှာ မေတ္တာ ကရုဏာ ထားပြိးတော့ ကိုယ့်ကို ကောင်းရာ မွန်ရာကိုပြောပြ တိုက်တွန်းအားပေး နိုင်မဲ့ လူ ဆိုရင် ကိုယ့်မိတ်ဆွေကောင်းပဲ..။ ကိုယ်ကလည်းပဲ အဲ့သလို မိတ်ဆွေကောင်း စ်တ်ဓာတ်မျိုး ထားနိုင်မှ အဲ့ဒီ မိတ်ဆွေကောင်း နဲ့ ဆက်ဆံရေး မြဲမယ်..။
    ကိုယ်က မိတ်ဆွေကောင်းလို စိတ်ထားမျိုး မထားနိုင်လို့ရှိရင် မိတ်ဆွေကောင်းနဲ့ တွေ့တောင်မှ မိတ်ဆွေကောင်း ကို ရမှာ မဟုတ်ဘူးနော်..။
     ကိုယ်ဘာကို ရသလဲ ဆိုတာက ကိုယ် ဘယ်လို စိတ်ထားရှိသလဲ ဆိုတာမှာ အများကြီး မူတည်နေတယ်..။
     ကိုယ့်မှာ ယူနိုက်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် ရှိမှသာ ယူလို့ရနာနော်..။
      ယုနိုင်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် မရှိရင် ယူလို့မရဘူး..။ ပေးတောင်မှ ယူလို့မရဘူး..။
      အဲ့ဒီတော့ မိတ်ဆွေကောင်း နဲ့ တွေ့ရင်တောင်မှ ကိုယ်က မိတ်ဆွေကောင်းနဲ့ တန်တဲ့ စိတ်ထားမျိုး ရှိမှသာ အဲ့ဒီသူနဲ့ ကိုယ်နဲ့ဟာ မိတ်ဆွေကောင်း ဖြစ်တော့မယ်..။

The only way to have a friend is ti be one.
     မိတ်ဆွေကောင်းရှိဖို့ တစ်ခုတည်းသောနည်းက ကိုယ်ကိုယ်တိုင်က မိတ်ဆွေကောင်း ပီသဖို့ပဲ..။

         ✏ ဆရာ​တော်​ဦး​ဇောတိက

No comments:

Post a Comment