သူများအသက် သတ်သည့်တွက် အသက်ကိုယ့်မှာတို။
မသတ်ရှောင်ရှား ထိုသူများ ရှည်လျားအသက်ကို။
နှိပ်စက်ကလူ ညှဉ်းဆဲသူ ပြောထူရောဂါဆို။
သနားစိတ်သွင်း မနှိမ်နင်း ကင်းရှင်းရောဂါကို။
ထန်ပြင်းဒေါသ ကြီးတတ်က အလှပျက်မည်ဆို။
ဒေါသကင်းစင် မေတ္တာယှဉ် ကြည်လင်လှသကို။
မနာလိုပြန် ဣဿာထန် ခြံရံကင်းမည်ဆို။
ဣဿာမထား ၀မ်းမြောက်ငြား ပေါများခြွေရံကို။
မလှူမဒါန်း မပေးကမ်း ခြောက်ခန်းဥစ္စာဆို။
စွန့်ကြဲလေ့တုံ ပြုပါကုန် ကုံလုံကြွယ်ဝလို။
မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး မာန်ကိုချိုး အမျိုးမြတ်သကို။
သိဖွယ်ဟူသမျှ မမေးက ဖျင်းအ ပညာဆို။
ကြားမြင်များအောင် မေးလေ့ဆောင် ခုနောင်တတ်သိလို။
(စာ-၂၇၈၊ ရတနာ့ဂုဏ်ရည်- အရှင်ဇနကာဘိဝံသ)
အောက်ပါတရားတော်နှင့် စာမျက်နှာ မှရေးသားထားပါသည်။
အပိုင်း(၁၀)၊ ဗုဒ္ဓဘာသာအခြေခံတရားတော်များ- ဒေါက်တာသီလာနန္ဒာဘိဝံသ
စာမျက်နှာ-၂၇၃၊ ရတနာ့ဂုဏ်ရည် - အရှင်ဇနကာဘိဝံ
No comments:
Post a Comment