ကုသိုလ် ဆိုတာ အပြစ်မရှိ ကောင်း တဲ့ အကျိုး ကို ပေး တတ် တဲ့ အလုပ်ကို ခေါ်တာ ပါ ။ ကုသိုလ် အကြောင်း ကို မပြော မိ ကံ အကြောင်း ကို ပြော ပြ ရပါ မယ် ။ ကံ ဆိုတာ က အလုပ်ပါ ။ကောင်းတာ လုပ်ရင် ကောင်း ကျိုး ရ မယ် ။ မကောင်း တာ လုပ် ခဲ့ ရင် မကောင်း ကျိုး ရမယ် ။ ဒါ ဟာ ပုံသေ ပါ ပဲ။ လွယ်လွယ် ပြော မယ် ဆိုရင် ကိုယ် လုပ် တဲ့ အလုပ်တွေကို ပြန် စဉ်းစားကြည့် လိုက်ပါ ။ ကိုယ်က စိတ်ထား မှန် မှန် နဲ့ ကောင်းတာ လုပ်ထာလား ။ ဒါမှ မဟုက် သူ တစ်ပါး အပေါ် စိတ် ထား မမှန် မကန် မကောင်း တာ လုပ်ထာ လား ။ ကိုယ် အလုပ် ကိုယ် သိပါ တယ်။ နောက် တစ် ခု ကိုယ် လုပ် တဲ့ အလုပ် က အပြစ် မရှိရ ဘူး ။ ရှင်း ပြပါ အုံးမယ် ။ ကိုယ် လုပ်တဲ့ အလုပ် က နွားသတ်တယ် ဆိုပါဆို့ မိစ္ဆာ ဒိဋ္ဌိ အယူ ရှိတဲ့ သူတွေရဲ့ စိတ်ထဲ မှာ တော့နွားသတ်တာ ဟာ ကောင်းတယ် လို့ ယူ ဆထားကြမှာ ပါ ။ ဒါ ပင် မဲ့ တကယ်တန်း ကြည့် ရင် သူ့ အသက်ကိုသတ်ခြင်းဆို တဲ့ ပါဏာတိပါတာ ကိုကြူးလွန်ရာ ရောက်သဖြင့် လောကဝဇ္ဇ အပြစ်ရှိနေပါ တယ် ။ အဲ ဒိလို အပြစ် မျိုးတွေ လုံးဝကင်း စင်ရမယ် ။ ကိုယ် က စိတ်ထားကောင်းကောင်း နဲ့ လုပ်တယ် ။ အပြစ် လုံးဝ မရှိ ဘူး ။ ဒါဆိုရင် ကြိမ် သေ ကောင်းကျိုးပေး မှာ ပါ ။ ယ္ခုပြော သလို အပြစ်လဲ မရှိ ဘူး ကောင်းသော အကျိုးကို ပေးခြင်း လက္ခဏာ နဲ့ ပြည့် စုံ ရင်တော့ (ကုသလ) ကုသိုလ် ရယ်လို့ ခေါ်ပါ တယ် သူတော်ကောင်းတို့။ ကုသိုလ် အကြောင်းကို ဟောပြ ပေးဖို့ တောင်းဆို မူ့ ကြောင့် ခုလို post ရေးပြီး အားလုံးသိအောင် ဟောပြတာပါ။ ယ္ခု ဆိုရင် ကု သိုလ် အကြောင်း သိသွားပြီး ဖြစ်လို့ ကု သိုလ် ကောင်မူ့ တွေ နဲ့ သူတော်ကောင်း အား လုံး မွေ့လျော် နိုင်ကြပါ စေ။
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Friday, July 3, 2015
ကုသိုလ် ဟူသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment