စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, July 3, 2015

မြင့်မြတ်ချမ်းသာ​ကြွယ်ဝ​သောဂုဏ်ရှိအသိုင်းဝိုင်း​​မှာ ဖြစ်​ခွင့်​ရ​အောင်​ လုပ်​နည်း


အချို့​သော ​ယောက်ျား မိန်းမ​တွေဟာ အလွန် ​မာနကြီးကြ ပါတယ်​ ။ သူတပါးကို အထင်သေးတယ် ကိုယ့်ကိုယ်ကို ကြ​တော့ အထင်ကြီးတယ်​ ။ ရိုသေ လေးစား ထိုက်သူကိုပင် ရိုသေရမှန်း မသိရှာပါ ။ အဲဒိလို သူမျိုးသေရင်​ ငရဲသို့ ရောက်ရ ရှာ ပါတယ် ။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလာ ပြန်​​တော့လဲ အောက်ကျ နောက်ကျနှင့် ယုတ်ညံ့သော အမျိုးမှာ ဖြစ်ကြရပါ တယ်။

တစ်​ချို့​သော ​ယောက်ျား မိန်းမ​တွေက​တော့  မာန်မာန မကြီးကြပါ ဘူး ။ ရိုသေလေးစားထိုက်သူတို့ကို ရိုသေ လေးစား ကြပါတယ်​။ အဲဒိလို လူမျိုး​တွေ သေလွန်​တဲ့ အခါ နတ်ပြည်သို့ ရောက်ကြရပါတယ်။ နတ်ပြည် မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ကြရပါတယ်​ သူ​တော်​​ကောင်းတို့ ။

စာ ဖတ်​သူ ဓမ္မမိတ်​​ဆွေ အ​ပေါင်း တို့ ချမ်းသာ သုခ ပြည့်​ဝ ကြ၍ နိဗ္ဗာန်​ မရ​သေးခင်​ ဘဝဆက်​တိုင်း မြင့်​မြတ် ချမ်းသာ ကြွယ်ဝ ​​​​သော အမျိုး​ကောင်း ၌ သာ ဖြစ်​အောင်​ ကျင့်​ကြံ နိုင်​ကြပါ​စေ

No comments:

Post a Comment