ဒီ လောကကြီး ထဲမှာ တစ်ချို့ လူတွေက သူများ အသက်ကို သတ်ဖြတ်ကြပါတယ် ။ ရက်စက်တတ်ကြပါတယ် ။အကုသိုလ်တွေ နဲ့ ညစ်ထွေးပြီး သွေးစွန်းသော လက်ရှိကြပါတယ် ။ အဲဒိလို ပုဂ္ဂိုလ် မျိုး တွေ သေသွားခဲ့ လျှင် ငရဲသို့ ရောက်ရရှာပါတယ်။ အကယ်၍ ကုသိုလ်ကံ တစ်ခု ခု၏ အထောက်အပံ့ကြောင့် ငရဲသို့ မကျဘဲ လူ့ပြည်သို့ ရောက်ရရင်လဲ ကြာရှည်နေခွင့် မရပါဘဲ အသက်တိုရတတ်ပါတယ်။
တစ်ချိုသော ပုဂ္ဂိုလ်တွေကြတော့ သူအသက်သတ်ခြင်းကို ရှောင်ကြဉ် ကြပါတယ်။ သူ့အသက်သတ်ရမည် အကုသိုလ် ကိုလုပ်ဖို့ ရှက်တတ်ကြပါတယ်။သတ္တဝါတွေအပေါ် သနားကြင်နာတတ်ပါတယ်။အဲဒိလို ပုဂ္ဂိုလ် မျိုးတွေ သေသွားတဲ့ အခါ
နတ်ပြည်သို့ ရောက်ကြရပါတယ် ။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်ခဲ့ လျှင်လဲ အသက်ရှည်စွာ နေရပါတယ်။
ဤကဲ့သိုမြတ်ဗုဒ္ဓဟောတော်မူခဲ့ပါတယ် သူတော်ကောင်း အပေါင်းတို့......
No comments:
Post a Comment