အချို့သော မိန်းမ ယောက်ျားတွေ က
ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ် ကို ၎င်း ၊ အပြစ်ရှိ မရှိ၊ မှီဝဲထိုက် မမှီဝဲထိုက် ကို၎င်း ၊
နောင်သံသရာဝယ် အကျိုး ပေးမည့် တရား အချက်တို့ကို ၎င်း မေးမြန်းစူး စမ်း လေ့ မရှိကြပါ ။ ထင်မိ ထင်ရာဖြင့် ဒုစရိုက်များ ပြုတတ် ကြပါတယ် ။
ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ် ပါတယ် ။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်စေကာမူ အသိ လိမ္မာ ဉာဏ် ပညာကင်း လူဖျင်း လူအ လူမိုက် ဘဝ သို့ရောက်ရပါတယ် ။
တစ်ချို့သော မိန်းမ ယောက်ျား တွေကြတော့ သူတော်ကောင်း တို့ ထံမှ တရားကို နှစ်သက် ကြည်ဖြူနာယူ တတ်ကြပါတယ် ။ ကုသိုလ် အကုသိုလ်နှင့် စပ်၍၎င်း ၊
မှီဝဲထိုက် မမှီဝဲထိုက်ကို ၎င်း ၊ သံသရာဝယ် အကျိုးပေးမည့် တရား အချက်များနှင့် စပ်၍၎င်း မေးမြန်းလေ့ စူး စမ်းလေ့ ရှိကြပါတယ်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်ပါတယ် ။ နတ်ပြည် မရောက်ဘဲ လူ့ပြည်ရောက် လျှင်လည်း အသိ အလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ အဖြစ်သို့ ရောက်ရပါတယ်။
ဤ သို့ မြတ်ဗုဒ္ဓ ဆုံးမတော် မူ ခဲ့ ပါတယ် သူတော်ကောင်း အပေါင်း တို့ ။ စာဖတ်သူ အားလုံး ဗဟုသုတ တိုးပွားပြီး ကျန်းမာ ချမ်းသာ ကြပါစေ ......
No comments:
Post a Comment