စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, November 10, 2022

ခန္ဓာရင်း၍ အမြတ်ထွက်ပါစေ

"ခန္ဓာရင်း၍" အမြတ်ထွက်ပါစေ..။
🌺🌺🌿🌺🌺🌿🌺🌺🌿🌺🌺

⛳တစ်နေ့တော့..
     ငါလည်း သေရမှာပါလား?လို့  
     သေခြင်းတရားကို 
     အောက်မေ့လိုက်တာနဲ့  
     အရေးကြီးပါတယ်ဆိုတဲ့
     ကိစ္စတွေအားလုံးဟာ 
     သေခြင်းတရားလောက် 
     အရေးမကြီးဘူးဆိုတာ သိလာတယ်။

⛳တစ်နေ့တော့...
     ငါလည်း သေရမှာပါလား?လို့ 
     သေခြင်းတရားကို 
     အောက်မေ့မိတာနဲ့ 
     ချစ်ပါတယ် စွဲလန်းပါတယ်ဆိုတဲ့
     သူတွေအပေါ်မှာ
     သံယောဇဉ်ကြိုးစလေးတွေ 
     လျော့လျော့လာတယ်။

⛳တစ်နေ့တော့...
     ငါလည်း သေရမှာပါလား?လို့ 
     သေခြင်းတရားကို 
     အောက်မေ့လိုက်တာနဲ့
     ပညာရေး"လူမှုရေး"စီးပွားရေး 
     အရေးပေါင်းများစွာဟာ
     သေခြင်းတရားလောက် 
     မရေးမပါဘူး..ဆိုတာ
     သဘောပေါက်လာတယ်။

⛳နောက်ဆုံးတော့..
     သေခြင်းတရားကို 
     ဆင်ခြင်ရင်း မသေတဲ့နေရာ 
     နိဗ္ဗာန်ကို ရချင်လာတယ်

⛳ဇာတိ"ဆိုတဲ့ 
     ခန္ဓာကြီးရလာရခြင်းရဲ့ 
     ဆင်းရဲတွေကို မြင်လာတယ်

⛳ဇရာ"ဆိုတဲ့ အိုခြင်း 
     ဆင်းရဲတွေကို မြင်လာတယ်

⛳ဗျာဓိ"ဆိုတဲ့ ခန္ဓာကြီးရဲ့ 
     အနာရောဂါတွေ နှိပ်စက်ခြင်း 
     ဆင်းရဲကို မြင်လာတယ်

⛳ဒါ့ကြောင့်..
     ခန္ဓာကြီးရလာတာဟာ
     ဆင်းရဲခြင်းတွေ 
     စုပုံနေပါလား?လို့
     ဆင်ခြင် နှလုံးသွင်းတတ်လာတယ်။

⛳ရနေတဲ့ခန္ဓာကြီးကို
     အရင်းတည်ပြီး
     ခန္ဓာထဲကက ဖြစ်တာပျက်တာတွေ
     သိချင်လာတယ် သိဖို့ ကြိုးစားလာတယ်

⛳သိဖို့ကြိုးစားရင်း 
     မကောင်းမှုမှန်သမျှ ရှောင်တတ်လာတယ်
     ကောင်းမှုမှန်သမျှ ဆောင်တတ်တယ်

⛳ဒါဆိုရင်..
      လူ့ဘဝရလာတာဟာ
      အရင်းမရှုံးပဲ အမြတ်တွေ ထွက်လာနေတော့တာပါဘဲကွယ်..
_____________
ကြိုးစားနိုင်ကြပါစေသတည်း
မေတ္တာဖြင့်...
အရှင်နန္ဒိယ(သာကီနွယ်)

No comments:

Post a Comment