💐
သေခါနီးဆဲဆဲအချိန်ကို
ရောက်ပြီဆိုကြပါစ်ို့
💐
ဘဝတစ္ခုလုံး
ဖယိုဖရဲပျက်စီးတော့မည့်အချိန်ဟာ
စိတ်ချမ်းသာစရာအနေအထားတစ်ခု
မဟုတ်တာတော့သေချာပါတယ် .
💐
ချစ်ခင်ရသူတွေနဲ့
ပိုင်ဆိုင်မှုမှန်သမျှကို
အပြီးတိုင်စွန့်လွတ်ရတော့မယ်
မသေချာတဲ့အနာဂါတ်ကို
ရင်ဆိုင်ရတော့မယ် .
💐
အဲဒီအချိန်မှာ
ကိုယ်တစ်သက်လုံး
တႏ္ဘိုးထားခဲ့ရတဲ့
ချစ်သူခင်သူတွေ
ပစ္စည်း ဥစ္စာ တွေ
ဂုဏ်ထူးရာထူးတွေက
စိတ်ချမ်းသာမှုပေးနိူင်သေးရဲ့လား ..
💐
အဲဒီအချိန်မှာ
ကိုယ်ပြုခဲ့တဲ့ဒါန
စောင့်ထိန်းခဲ့တဲ့သီလ
ပွားများခဲ့တဲ့ဘာဝနာတွေကသာ
ကိုယ့်ရဲ့စိတ်ကိုချမ်းသာစေလိမ့်မယ် ..
💐
မသေခင်က
ကောင်းမြတ်တဲ့စိတ်ကို
အခြေခံပြီး
ကောင်းမှုကုသိုလ်တွေ
ကြိုတင်ပြုထားဖို့လိုပါတယ် ..
💐
မသေခင်က
ကောင်းမြတ်တဲ့စိတ်တွေ
အများကြီးဖြစ်ထားပါမှ
သေခါနီးအချိန်မှာ
ကောင်းမြတ်တဲ့စိတ်ဖြစ်ဖို့
လွယ်ကူမှာပေါ့ ...
💐
အခုရေတွင်းတူးပြီး
အခုရေကြည်သောက်ချင်လို့တော့
မဖြစ်နိူင်ဘူးထင်ပါတယ် ..
💐
ထွက်ချိန်မသိတဲ့ခရီးတစ်ခုမို့
သေမင်းရေ
မင်းဘယ်အချိန်လာလာ
ငါ့ဘက်ကတော့
အသင့်ပဲလို့ပြောနိူင်အောင်
ကြိုတင်ပြင်ဆင်ထားသင့်တယ်နော် ...
No comments:
Post a Comment