ဆီ မီးစာမကုန်မချင်းတော့
ခေါင်းကင်ယံသို့ပျံတက်နေမှာပါ...
သို့သော် ဆီနဲ့မီးစာ
ကုန်သွားတဲ့အချိန်မှာ
မြေပေါ်သို့ပြန်ကျလာရသလို...
ထို့အတူ
ဤခန္ဓာကိုယ်ကြီးဟာလည်း
'ကံ'အားကောင်းနေချိန်မှာ
အားလုံးအဆင်ပြေပြီး
ပျော်လိုက် ပါးလိုက် မော်လိုက်ကြွားလိုက်နဲ့
လောကကြီးကိုမျောကာ...
ငါအိုလာပါပေါ့
ငါဟာနာလာပါပေါ့
ငါဟာသေမင်းနဲ့ နီးလာပါပေါ့လားဟု
မသိတော့ဘဲ
မမျှော်လင့်ဘဲ ကံကုန်သွားခဲ့သော်
သေခြင်းတရားနဲ့ရင်ဆိုင်သွားရလေမှ...
ဪ ငါ့မှာပြုသင့် ပြုထိုက်သော
ကုသိုလ်တွေမပြုမိခဲ့လေခြင်းဟု
နောင်တရလျှက် မျက်ရည်ကျကာ
သေမင်းခေါ်ရာသို့ လိုက်ရသလို့ပေါ့...
ဒါကြောင့်...
ကံကောင်းတုန်း,
ဉာဏ်ကောင်းတုန်း,
ဝိရိယကောင်းတုန်း,
တရားအားထုတ်မှုကိုမမေ့ပါနဲ့ ။
(မြောက်ဦးဆရာတော်ဘုရားကြီး)
No comments:
Post a Comment