နိဗ္ဗာန်ဆိုတာ အမှန်တကယ် ရှိတယ်လို့ ယုံကြည်ပါသလား ( ၅ )
မွန်းတည့်ချိန် ၌ အရာဝတ္ထုတစ်ခုကို မိမိကိုယ်ပိုင်ပကတိမျက်စိဖြင့် ထင်ထင်ရှားရှားမြင်ရသောအခါ မိမိ တို့ မြင်သော အရာဝတ္ထု နှင့်ပတ်သက်၍ ယုံမှားခြင်းမရှိဘဲ မှန်ကန်သောအသိဉာဏ်ကို ရသကဲ့သို့ ㅡ ထို့အတူ ㅡ
သစ္စာလေးပါး ကို သိရာ၌ လည်း မွန်းတည့်ချိန်၌ ပကတိမျက်စိဖြင့် မြင်၍ သိရသကဲ့သို့
" မဂ်ဉာဏ် မျက်စိ ဖြင့် မြင်၍ သိ၏။"
ကြောင်း ကျိုး ဆက်နွယ်မှု အပေါ်၌ အခြေတည်သော တွေးခေါ် မြှော်မြင်မှုဆိုင်ရာ အမြင်မဟုတ်။
ပကတိမျက်စိဖြင့် မြင်ရ သကဲ့သို့ မြင်ရ သောအသိဉာဏ် ဆိုင်ရာ အမြင် ဖြစ်၏။
( ဆရာကြီးဦးရွှေအောင်)
.ㅡㅡㅡㅡㅡㅡㅡ
နိဗ္ဗာန်ဆိုတာ.....
သဘောတရား သက်သက်မဟုတ်။
တွေးခေါ်မြှော်မြင်မှု သက်သက်မဟုတ်။
လူပြိန်းကြိုက် စကားတို့ဖြင့် ဆွဲဆောင်ထားသော နေရာတစ်ခုမဟုတ်။
သေပြီးနောက် တမလွန်ဘဝ ရောက်မှ ရရှိ ခံစားနိုင်သော အရာမဟုတ်။
ယခု သက်ရှိထင်ရှားဘဝတွင်ပင် ရရှိ ခံစားနိုင်သောအရာဖြစ်သည်။
နိဗ္ဗာန်ဆိုတာ.ㅡ
ပကတိ မျက်စိဖြင့် မြင်ရသကဲ့သို့ မြင်ရသော အသိဉာဏ် ( မဂ်ဉာဏ် ) ဖြင့်ㅡ
နိဗ္ဗာန် ကို မြင်နိုင်သည်။
.ㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
"မျက်မှောက်ပြုခြင်း"ㅡ
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မိမိကိုယ်တော် တိုင်ပကတိ မျက်စိလို မြင်သောဉာဏ် ဖြင့် "သစ္စာလေးပါး ကို မြင်အောင် ကြည့်ပြီးဖြစ်၏။
မိမိကိုယ်တော်တိုင် မြင်တော်မူခဲ့သည့်
ကြည့်နည်းအတိုင်းပင် ဝေနေယျတို့အား
ကြည့်စေတော်မူခြင်း ဖြစ်၏။
ဗုဒ္ဓကြည့်စေတော်မူသည့် ကြည့်နည်းအတိုင်း ကြည့်ရာ ဝေနေယျတို့သည်လည်း သစ္စာလေးပါးကို ပကတိမျက်စိဖြင့် ထင်ထင်ရှားရှား မြင်ရ
သလိုပင် မဂ် ဉာဏ် မျက်စိ ဖြင့် မြင်ကြရလေ၏။
ယင်းကိုပင် " မျက်မှောက်ပြုခြင်း " ဟူ၍ လည်း
ဆိုပါ၏။
(ဆရာကြီးဦးရွှေအောင်)
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
သစ္စာလေးပါး တွင် " နိရောဓ"သစ္စာ ပါသည်။
နိရောဓသစ္စာသည် နိဗ္ဗာန် ဖြစ်သည်။
နိဗ္ဗာန် ကို ပကတိမျက်စိဖြင့် မြင်သလို
မြင်ရသောဉာဏ် ( မဂ်ဉာဏ် ) ဖြင့်
မြင်နိုင်သည်။
ဘုရားရှင်ကိုယ်တိုင် ကြည့်ခဲ့သည်။ မြင်ခဲ့သည်။
ထို ကြည့်နည်းအတိုင်း သင် ပေး ခဲ့ သည်။
သင်ပေးသည့်အတိုင်း ကြည့်သူတို့ သည်
နိဗ္ဗာန်ကို မြင်ကြသည်။
ဆိုက်ရောက် ကြသည်။
မျက်မှောက် ပြုကြသည်။
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
ကိုယ့်ရှေ့တွင် ကြည့်သူတွေ ကြည့် ခဲ့ ကြပြီ။ မြင်သူတွေ လည်း မြင်ခဲ့ ကြပြီ။ သိသူ ၊ရောက်သူ၊ မျက်မှောက် ပြု သူ တွေ
မရေမတွက်နိုင်အောင် ရှိခဲ့ပြီ။
သက်သေပြပြီး ဖြစ်သည်။
.ㅡㅡㅡㅡㅡㅡㅡㅡㅡ
(ဆရာကြီးဦးရွှေအောင်၏ "ဗုဒ္ဓ၊လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင် စာမျက်နှာ၄၂)
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
No comments:
Post a Comment