လာနေတာ မဟုတ်ဘူး …
လူတွေက သေခြင်းဆီကို
သွားနေကြတာ …
ဘယ်သေမင်းကမှ လာပြီး သတ်မှာ မဟုတ်ဘူး
ကိုယ်တိုင် သွားပြီးတော့ကို
အသတ်ခံကြရမှာ …
သတ်ဖို့လာနေတာ မဟုတ်ဘူး
သေဖို့ သွားနေကြတာ …
ဒီခရီးမှာ
သေခြင်းက ဘယ်နားက စောင့်နေလဲ ဆိုတာတော့
ဘယ်သူမှ အသေအချာ မသိနိုင်ဘူး …
အသေအချာ သိနိုင်တာကတော့ …
- ဒီခရီးကို အရပ်အနား မရှိ
အမြဲသွားနေရတယ် ဆိုတာရယ်
- တစ်ချိန်ထက် တစ်ချိန်
ပို နီးနီးလာတယ် ဆိုတာရယ်
ဒီ နှစ်ချက်ပါပဲ …
( ၁ ) အချိန်တိုင်း သွားနေတယ်
( ၂ ) ပို နီးနီး လာတယ်
#အချိန်တိုင်း_သွားနေတယ်_ဆိုတာကို
မြတ်စွာဘုရားက
တောင်ကျမြစ်တစ်စင်းနှင့် ဥပမာပေးတယ် …
“ နဒီပဗ္ဗ တေယျူ ပမံ ဇီဝိတံ မနုဿာနံ ”
❝ လူတွေရဲ့အသက်ဆိုတာ
တောင်ကျမြစ်နှင့်တူတယ် ❞ တဲ့
တောင်ကျမြစ် ဆိုတော့
ရိုးရိုးမြစ်တွေလို အေးအေးဆေးဆေးစီးနေတာ
မဟုတ်ဘူး …
အရှိန်အဟုန်နဲ့
မြန်မြန်ဆန်ဆန် စီးနေတာ …
စဉ်းစားကြည့် …
ပင်လယ်ဆီကိုသွားနေတဲ့သူ့ရဲ့ ခရီးဟာ တစ်စက္ကန့်လောက်တောင် ရပ်နားလို့မရဘူး အချိန်တိုင်း စီးနေရတယ် …
လူတွေရဲ့ အသက်ကလည်း ဒီတိုင်းပဲ …
သေခြင်းဆီကိုသွားနေရတဲ့ ဒီခရီးကို ရပ်လို့မရဘူးချိန်တိုင်း သွားနေရတဲ့ တောင်ကျမြစ်တွေလိုပဲ …
#ပို_နီးနီးလာတယ်_ဆိုတာကိုတော့
မြတ်စွာဘုရားက
သားသတ် ရုံသွား နွားမများနဲ့ ဥပမာပေးတယ် …
“ ဂေါဝဇ္ဈူပမံ ဇီဝိတံ မနုဿာနံ ”
❝ လူတွေရဲ့အသက် ဆိုတာ
သားသတ်ရုံဆီကို
အဆွဲခံရတဲ့ နွားမများနဲ့တူတယ် ❞ တဲ့ …
အဲ့ဒီနွားမတွေရဲ့
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ
အသတ်ခံရခြင်းနှင့် ပိုပို နီးလာတယ် …
အဲ့လိုပဲ…
လူတွေရဲ့ အသက်ကလည်း
တစ်ချိန်ထက် တစ်ချိန် သေခြင်းနဲ့ ပိုပို နီးလာတယ် …
- မနှစ်ကထက် ဒီနှစ် ပိုနီးလာတယ်
- အရင်လကထက် ဒီလ ပိုနီးလာတယ်
- မနေ့ကထက် ဒီနေ့ ပိုနီးလာတယ်
- ခုနကထက် အခု ပိုနီးလာတယ်
သိပ်မကြာခင်
ဒီလူတွေအားလုံး သေကြရမှာ
ဒီလူတွေအကုန်လုံး ပျောက်သွားကြမှာ …
နောက်လူတွေနဲ့ အစားထိုးထိုးနေတော့ လောကက ပုံမပျက် သွားနေတယ်လို့ ထင်ကြရတာ …
တကယ်တော့ လောကက ပုံမပျက် သွားနေတာ မဟုတ်ဘူး
ပုံပျက် ပန်းပျက် သွားနေတာ …
#သစ္စာရွှေစည် ဆရာတော်
🙏🙏🙏🙏🙏
No comments:
Post a Comment