ဆန္ဒနဲ့ ဘဝ
-------------
#လောကမှာ လူတိုင်းလူတိုင်း ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနေတဲ့သူ အတော်ရှားပါတယ်။ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ၊ ဖြစ်သင့်တာနဲ့ ဖြစ်သွားတာ အတော်များများ တခြားစီပါပဲ။
#အဲဒါကိုက ဘဝပါပဲ။ ဘဝဆိုတာ အခိုက်အတံ့ ဖြစ်တည်မှု ခဏသာဖြစ်တဲ့အတွက် ဖြစ်တည်မှုရဲ့နောက်မှာ ပျက်ပြယ်မှုကတော့ ရောက်နေကြမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်သလို မဖြစ်ရ၊ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်နေရတာကိုက ဘဝရဲ့လောကဓံပဲ မဟုတ်လား။
#နောက်ဆုံးတော့ ဆန္ဒဆိုတာလည်း ခဏ၊ ဘဝဆိုတာလည်း ခဏပါပဲ။ မရလို့လည်း မဆဲနဲ့။ ရနေလို့လည်း မကဲနဲ့။ မမြဲတဲ့ဘဝမှာ အလွဲမကျဖို့သာ ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။
မေတ္တာဖြင့်
No comments:
Post a Comment