စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 8, 2022

ကိုယ့်ကိုကိုယ်ပြုပြင်တတ်ရမယ်

❀ အသိဉာဏ်ရှိလာလေလေ 
     လူမိုက်ဘဝက လွတ်လေလေ၊ 
     လူမိုက်ဘဝက လွတ်ရင် 
     လူဆိုးဆိုတာ မဖြစ်တော့ဘူးပေါ့။

❀ လောကမှာ လူတွေက 
အဆိုးအကောင်းတို့
    အကျိုးအကြောင်းတို့ 
နားမလည်တော့ဘူးဆိုလို့ရှိရင်
    မကောင်းတဲ့အလုပ်တွေပေါ်မှာ 
    မွေ့လျော်တယ်၊ ပျော်ပိုက်တယ်။

❀ ဥပမာ ဆိုပါတော့...
တရားနာလာဖို့နဲ့ 
ပွဲလမ်းသဘင်ကြည့်ရှုဖို့ပေါ့။ 
ဒီနှစ်ခုကိုပဲ ယှဉ်ကြည့်ပေါ့။ 

ပွဲလမ်းသဘင်
ကြည့်ဖို့ကျတော့ 
လွယ်လွယ်ကူကူနဲ့ သွားနိုင်တယ်။
 ဘာအလုပ်ရှိရှိ၊ စိတ်ကိုကညွတ်တာ...
ဒါပေမယ့် 
လူတိုင်းတော့ မဟုတ်ဘူးပေါ့။

❀ `တပည့်တော်တို့ကတော့ 
ပွဲမကြည့်ပါဘူး။
တရားပဲ နာတာပါ´ဆိုတဲ့
လူလည်း ရှိမှာပေါ့။
ဒါ တော်တော်လေး ပြုပြင်ထားလို့ ကောင်းလာတဲ့သဘောပဲ။
ကိုယ့်ကိုယ်ကို 
ကျေနပ်အားရဖြစ်ရမှာပဲပေါ့နော်..။

 #ကိုယ့်ကိုယ်ကို_
ဒီဘဝထဲပြုပြင်ထားတာ
 #ဟုတ်ချင်မှလည်းဟုတ်မယ်၊
 #ရှေးရှေးဘဝတွေကတည်းက_
ကောင်းတဲ့
#စိတ်ဓာတ်တွေမွေးလာလို့_
ဒီလိုဖြစ်တာလည်းရှိမယ်ပေါ့။

 သာမန်အားဖြင့် 
ပြောမယ်ဆိုရင် ပွဲကြည့်ဖို့နဲ့ 
တရားနာဖို့ ဆိုလို့ရှိရင် 
ပွဲကြည့်ဖို့ပဲ ပိုပြီးစိတ်ပါဖို့ရှိတယ်။
 တရားနာဖို့ ဆိုတာ 
အလွန်ခဲယဉ်းတယ်ပေါ့။

 ဒေါက်တာ
      (နန္ဒမာလာဘိဝံသဆရာတော်)

No comments:

Post a Comment