စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 15, 2022

နားထဲအဆိပ်မခတ်မိစေနဲ့

#နားထဲအဆိပ်မခတ်မိစေနဲ့ ❗
_______________________

🔹'လောကကြီးမှာ အမှားကို !
အမှန်ထင်လို့ ဘဝပျက်သူတွေ အများကြီးပဲ။ 

🔹 အမှားကို အမှန်ထင်အောင် !
ပြောတဲ့ စကားကို ❝ မုသားစကား ❞ လို့ ခေါ်ပါတယ်။ 

🔹မုသားစကားဆိုတာ !
မဟုတ်မမှန်တဲ့ စကားပါ။ 

🔹 ဝါဒမှိုင်းတိုက်သူတွေဟာ !
မုသားစကားကို ယုတ္တိရှိရှိ ပညာသားပါပါ 
ပြောတတ်တယ်။ 

🔹 ဒိသာပါမောက္ခရဲ့ မုသားစကားကြောင့် !
စာတော်တဲ့ အင်္ဂုလိမာလဟာ
လူသတ်သမားကြီး ဖြစ်သွားတယ်။ 

🔹တချို့ပညာရှင်တွေဟာ !
အပြောကောင်းပေမဲ့ အကောင်းကို မပြောခဲ့ဘူး။ 
အမှားကို အမှန်ထင်အောင်ပြောခဲ့တယ်။ 

🔹ယင်းမုသားစကားကြောင့် !
တချို့လူတွေဟာ အမှားကို အမှန်လို့
ထင်သွားကြတယ်။ 

🔹ဒီတလွဲ အထင်ကြောင့် !
သူတို့ ဘဝလေးတွေဟာ လမ်းကြောင်းလွဲသွားတယ်။ 

🔹 လမ်းကြောင်းလွဲမှတော့ !
ငါးပါးမှောက်ပြီပေါ့။ တချို့ဆိုရင် အဖတ်ဆယ်လို့
မရလောက်အောင် ပျက်စီးသွားတယ်။ 

🔹 ဒါဆိုရင် !
အလိမ်အညာခံရသူတွေဟာ 
တစ်ဘဝလုံး ပေးဆပ်လိုက်ရတာပဲ။ 
သူတို့အတွက် နစ်နာလွန်းပါတယ်။ 

🔹 ဒါကြောင့် !
မုသားစကားပြောခြင်းဟာ နားထဲကို 
အဆိပ်ခတ်တာနဲ့ အတူတူပဲ။ 

🔹ပါးစပ်ထဲ အဆိပ်ခတ်ရင် !
တစ်ယောက်ထဲ သေနိုင်တယ်။ 
နားထဲ အဆိပ်ခတ်ရင်တော့ !
လူအများကြီး သေနိုင်တယ်လေ။ 

🔹 ဒါကြောင့် မြတ်စွာဘုရားက !
မုသားစကား ဆိုရင် ရယ်စရာတောင်
မပြောနဲ့လို့ မိန့်ခဲ့တာပါ။ 

🔹မုသားစကားဟာ !
အကုသိုလ်ထဲမှာတော့ ကြောက်စရာ 
အကောင်းဆုံးလို့လည်း မိန့်တော်မူခဲ့ပါတယ်။ 

🔹ဘာ့ကြောင့်လဲ ! 
သူများကို အဆိပ်ခတ်လိုက်ရင် ကိုယ်လည်း 
တနေ့ကျရင် အဆိပ်သင့်မှာပဲလေ။ ဒါ သဘာဝပဲ။

🔹 တန်ပြန်အကျိုး ရမှာစိုးလို့ မြတ်စွာဘုရားက " မုသားစကား မပြောနဲ့" လို့ သတိပေးခဲ့တာပါ။ 

🔹 ဒါကြောင့် !
တိုတောင်းလှတဲ့ ဘဝလေးမှာ 
မကျေနပ်မှုတွေ မုန်းတီးမှုတွေ 
ကောက်ကျစ်မှုတွေ လှည့်စားမှုတွေနှင့် 
အချိန် မဖြုန်းသင့်ပါဘူး။ 

🔹 ကိုယ့်ဘဝကို !
ရိုးသားသော ဖြူစင်သော 
မြင့်မြတ်သော တည်ကြည်သော 
ဘဝလေး ဖြစ်အောင် ကြိုးစားရမယ်။ 

🔹အဲဒီလို ဘဝမျိုး ရဖို့အတွက် !
အလိုအပ်ဆုံး အရာကတော့ 
သစ္စာတရားပဲ ဖြစ်ပါတယ်။ 

🔹ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်မျှ
သူများနားထဲကို အဆိပ်မခတ်မိစေနဲ့ ။

❝ သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာရှိပါစေ ❞ 
_______________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment